29 C
Yangon

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားဟုဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ကျဉ်း ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) လးရှိုး နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးမောင်မောင်ဆွေက သတင်းထုတ်ပြန်ထားသည်။

“ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း ၂၀၀ ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)လားရှိုးခရိုင်နဲ့တော်လှန်ရေး အင်အားစုများက ကောင်းမွန်စွာစောင့် ရှောက်ထားပါတယ်” ဟု ဦးမောင်မောင်ဆွေက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် လားရှိုးထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ သက်ဆိုင်ရာ မိသားစုများနှင့် အဆက် အသွယ်မရရှိသေးဘဲ မိသားစုများမှာ ၎င်းတို့၏ ချစ်ခင်ရသူများနှင့် တွေ့ဆုံစကားပြောခွင့်ရရှိရန် စောင့်ဆိုင်းနေကြဆဲ​ဖြစ်သည်။ လားရှိုးတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး တိုက်ပွဲများဖြစ်ပွားမှုတချို့လည်းရှိနေကြောင်း သိရှိရသည်။

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားလည်းဖြစ်၊ NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် စစ်ကောင်စီက ထောင် ဒဏ် ၃၃ နှစ် မတရားချမှတ်ထားခဲ့ခြင်းဖြစ်သည်။

အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေး ကောက်ပွဲ တွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်သည်။

ဓာတ်ပုံ – လားရှိုးအကျဉ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွှတ်ပေးရသော အကျဉ်းသားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လားရှိုးအကျဉ်းထောင်မှ စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွှတ်ပေးရသော အကျဉ်းသားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article