ဒီကနေ့ ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေအရ စျေးကွက်စီးပွားရေးစနစ် အစား အသင့်လျော်ဆုံးဖြစ်တဲ့ သမဝါယမစနစ်ကို ကျင့်သုံးဖို့ အကြမ်းဖက်မင်းအောင်လှိုင်က အမိန့်ပေးလိုက်ပြန်တယ်လို့ သိရပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ ဝန်ထမ်း နဲ့ အငြိမ်းစားအားလုံးကို လစာတိုးမြှင့်ပေး မှုအတွက် လစဉ် ကျပ်ငွေဘီလီယံ ၅၀၀ နီးပါးထပ်တိုးသုံးစွဲရတော့မှာကြေင့် အခု ဘဏ္ဍာနှစ်ရဲ့ ဘတ်ဂျက် လိုငွေ ကျပ်ဘီလီယံ ၂ သောင်းနီးပါးအတွက် ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ရုံကလွဲပြီး အခြားနည်း လမ်းမ ရှိတဲ့အတွက် စစ်ကောင်စီရဲ့ မဆင်မခြင်လုပ်ရပ်တွေကြားမှာ တိုင်းပြည်ရဲ့ အခြေနေ ဟာ ဒီထက် ပိုဆိုးလာဖို့ပဲ ရှိတော့တယ်လို့ UMFCCI ရဲ့ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြော ဆိုထားပါတယ်။
- ပြည်တွင်းမှာ အမေရိကန် ဒေါ်လာဈေးတွေ မြင့်တက်လာတဲ့အချိန် စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်သုံးဆီတင်သွင်းဖို့ ဒေါ်လာတွေကို မရောင်းပေးနိုင်တော့တာတောင် ဆီဈေးနှုန်းကို အနိမ့်ဈေးနဲ့ ရောင်းခိုင်းနေတဲ့အတွက် ပြည်တွင်းမှာ စက်သုံးဆီပြတ်လတ်မှုတွေ ပြန်ဖြစ်လာနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar