29 C
Yangon

အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျော်အထိ စံချိန်တင်စျေးမြင့်တက်လာပြီး အခေါက်ရွှေစျေး သိန်း ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိ၊ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေ

Must read

ရန်ကုန်၊ ဩဂုတ် ၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၅၀၀ ကျော်အထိစံချိန်တင် စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေစျေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်သို့ စံချိန်ချိုးရောက်ရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယနေ့ ကမ္ဘာ့ရွှေစျေးမှာ ရွှေတစ်အောင်စလျှင် ၂၄၀၀ ပတ်ချာလည်တွင်ပင် အတက်အကျ အနည်းငယ်ရှိနေပြီး မြန်မာ့ရွှေစျေးမှာမူ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၉ သိန်းဝန်းကျင်တွင် စျေးနှုန်းတွက်ချက် ပေါက်စျေးရှိနေကြောင်း၊ အရောင်းအဝယ်အနေဖြင့် အဝယ်သာရှိပြီး အရောင်း နည်းပါးကာ စျေးကွက်တွင် စျေးထိုးတက်နေခြင်းကြောင့် အရောင်းအဝယ်မဖြစ် ဖြစ်နေကြောင်း သိရှိရသည်။

“ရွှေစျေးက နေ့စဉ် တက်နေတာဆိုတော့ ၀ရုန်းသုန်းကားဖြစ်နေတာမျိုး။ အဝယ်က ရှိပေမယ့် အရောင်းမရှိဘူး။ အတက် အကျ ကြမ်းတော့ အဝယ်အရောင်း ခက်တယ်။ စျေးနှုန်းနဲ့ အခြေအနေစောင့်ကြည့်တာများတယ်။ အလားအလာကတော့ ဆက်တက်ဦးမယ်လို့မှန်းတယ်။ သိန်း ၇၀ တစ်ပတ်ချာလည်လောက်အထိ ရောက်မယ်လို့ မှန်းတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာမှာလည်း ဆက်လက် မြင့်တက်နေပြီး အဓိကအားဖြင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျနေခြင်းဖြစ်ကြောင်း၊ မကြုံစဖူး ကျပ်ငွေတန်ဖိုး တဟုန်ထိုး ထိုးကျနေခြင်းဖြစ်သည်ဟု နိုင်ငံခြားငွေလဲဒိုင်များက သုံးသပ်ကြသည်။

“အရွက် တစ်နေ့တစ်ခြားတက်လာတာက ကျပ်ငွေတန်ဖိုး ထိုးကျနေတာ။ စီးပွားရေးကျနေတာ၊ စစ်ဘေးဂယက်၊ ငွေစက္ကူတွေ အတောမသတ်ရိုက်နေတာကြောင့်လို့ထင်တယ်နော်။ အားလုံးစုပြုံပြီး ကျပ်တန်ဖိုးထိုးကျနေတာလို့ ထင်တယ်။ ဒီအကျ ဘယ်လောက်ထိ ကျဦးမလဲတော့ မသိဘူး။ စျေးအပြောင်းအလဲအရမ်းမြန်နေတယ်” ဟု ရန်ကုန်မှ ဒေါ်လာဝယ်ရောင်းလက်ကြီးတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ဝိသမလောဘသားများ၏ စျေးကစားမှုကြောင့် ရွှေစျေးနှင့်ငွေစျေးနှုန်းများ ကမောက်ကမဖြစ်ရသည်ဟုဆိုကာ မကြာခဏ ဆိုသလို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုတစ်ခေါက် ကျပ်ငွေတန်ဖိုးနှင့်စျေးနှုန်းများ ဆက်တိုက် ကျဆင်းမှုမှာမူ စံချိန်တင် ဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်ကြောင်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Myanmar banknotes are seen during an illegal exchange inside a house in Yangon, Myanmar, September 24, 2021. Picture taken September 24, 2021. REUTERS/Stringer
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article