32 C
Yangon

နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်မှုများ မရှိစေရေး တားဆီးရန် စစ်ကောင်စီက ညွှန်ကြားမှုကြောင့် ရန်ကုန်လေဆိပ်တွင် လူငယ်တချို့ ငွေညှစ်ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် PV ဖြင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ညွှန်ကြားမှုများရှိနေသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လူငယ်များ ငွေညှစ်ခံရမှုများရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ပနိုင်ငံများသို့ နိုင်ငံကူးလက်မှတ်(PV) ဖြင့် လအနည်းငယ်ကြာမြင့်အောင် နေထိုင်ပြီး ရန်ကုန်သို့ ပြန်ဝင်လာသည့် လူငယ်များကို ရန်ကုန်လေဆိပ်အဝင်တွင် လူဝင်မှုကြီးကြပ်ရေး(လ၀က)က မည်သည့်အကြောင်းကြောင့် ပြည်ပတွင် ကြာမြင့်စွာ နေထိုင်သနည်း ၊ ပြည်ပတွင် ဘာလုပ်နေသနည်း စသည့် မေးခွန်းများစွာ မေးကြောင်း၊ တချို့သောလူငယ်များကို လက်ဖက် ရည်ဖိုးဟုဆိုကာ ငွေကြေးအနည်းဆုံး ၅ သောင်းမှ သိန်းဂဏန်းအထိ တောင်းယူ ငွေညှစ်မှုများရှိနေကြောင်း သိရှိရသည်။

“အဝင်ရော အထွက်ရော အခုနောက်ပိုင်း နည်းနည်းရစ်တယ်။ ရန်ကုန်ကို ပြန်အဝင်ဆိုရင်လည်း နိုင်ငံခြားမှာ ဘာလုပ်နေလဲ ဟိုမှာ၊ ဘာလို့ လနဲ့ချီကြာတာလဲ။ အလုပ်လုပ်တာလား။ အဲဒါတွေမေးတယ်။ ဘာပါလာလဲ။ ပြီးရင် လက်ဖက်ရည်ဖိုးပေးခဲ့ဦး။ ဘာတွေယူလာလဲ။ အဲဒါမျိုးတွေ ပေါ်တင်တောင်းတယ်။ လူငယ် အရွယ်လေးတွေကို ဦးတည်လုပ်တာ” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ရန်ကုန်လေဆိပ်မှ ပြည်ပနိုင်ငံများသို့ နိုင်ငံကူးလက်မှတ်(PJ-အလုပ်) ဖြင့် ထွက်ခွာဖူးပြီး နောက်တစ်ကြိမ် နိုင်ငံကူးလက်မှတ် အသစ်(PV) ဖြင့် ထပ်မံ ပြည်ပ ထွက်ခွာရန် ကြိုးစားသူများကိုလည်း အခွန်ဆောင်ပြီးကြောင်း၊ အခွန်ကင်းရှင်းကြောင်း အပါအဝင် ယခင် စာရွက်စာတမ်းများကို ပြခိုင်းကြောင်း၊ စာရွက်စာတမ်း မပြနိုင်ပါက ထွက်ခွင့်မပေးဘဲ ငွေညှစ်မှုများလည်းရှိ နေကြောင်း သိရှိရသည်။

“အခု ပြဿနာတက်တာကလေ အရင် PJ နဲ့ ထွက်ဖူးပြီး နောက်တစ်ကြိမ် PV နဲ့ ပြန်ထွက်ဖို့ ကြိုးစားတဲ့သူတွေ အတော်ဒုက္ခဖြစ်တယ်။ အခွန်စာရွက်၊ အရင်စာရွက်စာတမ်းတွေ အကုန်မပြနိုင်ရင် ပေး မထွက်ဘူး။ တချို့လည်း ငွေညှစ်ခံရတယ်။ ပြည်ပလည်း ထွက်မရ ၊ ငွေလည်း အညှစ်ခံရတယ်” ဟု ပြည်ပ ခရီးသွားဝန်ဆောင်မှုအေဂျင်စီတစ်ခုမှ မန်နေဂျာတစ်ဦးက ဆိုသည်။

ထို့ပြင် စစ်ကောင်စီက ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်ထားသော အသက် ၂၂ မှ အသက် ၃၁ နှစ်အတွင်း အမျိုးသားများ ပြည်ပနိုင်ငံများသို့ နိုင်ငံကူးလက်မှတ် PV ဖြင့် သွားရောက်မှုများကိုလည်း ရန်ကုန်လေဆိပ်တွင် စိစစ်ရန် ညွှန်ကြားမှုများရှိကြောင်း၊ သို့ရာတွင် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီဝန်ထမ်းများက PV ဖြင့် ပြည်ပ ထွက်သူများအနက်မှ ၎င်းတို့ မသင်္ကာသော လူငယ်များနှင့် CDM ဝန်ထမ်းများ မပါရှိစေရေး အဓိက ထား စိစစ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်လေဆိပ်အဝင် လ၀က။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- အီးပီအေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်လေဆိပ်အဝင် လ၀က။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article