27 C
Yangon

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံနေ

Must read

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံနေ

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ခုခံနေကြောင်း TNLA က ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန် တပ်စခန်းဖြစ်သော စကခ-၁ ၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲဖြစ်ပွားသော စခန်းကုန်းအနီးတဝိုက်နှင့် ပတ္တမြား စေတီ အနီးတဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၉ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် Y12 ဖြင့် ဂေါက်ကွင်းအနီးတဝိုက်နှင့် ခမရ – ၅၀၁ စခန်းအနီးကို ဗုံး ၂၂ လုံး လာရောက်ကျဲချခဲ့ကြောင် သိရှိရသည်။

ယနေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းကိုလည်း Y12 ဖြင့် လက်နက်ခဲယမ်းများ ၉ ကြိမ်လာရောက် ကျဲချခဲ့ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article