28 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ တိုက်ပွဲများအတွင်း စစ်သား ၅၂ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ တိုက်ပွဲများအတွင်း စစ်သား ၅၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၄

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ မူတြော်ခရိုင် အတွင်း၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပေါင်း (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၂ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကောင်စီ၏ အဆောက်အဦး ၂ ခု ထိခိုက်ပျက်စီးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟ ၅ နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များဘက်မှ ထိခိုက်မှု တစုံတရာမျှမရှိကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းမှသာ ရိက္ခာ များ ချပေးခြင်းတို့ လုပ်ဆောင်နိုင်တော့ပြီး လက်နက်ကြီးများ နှင့် လေကြောင်းတို့မှ ပြည်သူ လူထု များနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ပစ်မှတ် ထား တိုက်ခဲ့ခြင်းများကိုလည်း အကြိမ်ရေများစွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article