26 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီးတဲ့နောက် စစ်အရာရှိအကြီးပိုင်းတွေ ဖမ်းဆီးခံရထားရတယ်ဆိုပြီး အကြမ်းဖက် ဇော်မင်းထွန်း က ဝန်ခံလိုက်ပြီ ဖြစ်သလို၊ ဖမ်းဆီးခံလိုက်ရတဲ့ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ရဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။
  • လားရှိုးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တဲ့အချိန် အလံဖြူထောင် လက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ မိသားစု စုစုပေါင်း အယောက် ၄၀၀၀ ကျော်ရှိထားတယ်လို့ MNDAA ရှေ့တန်းသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • လားရှိုးမြို့ကို စစ်ကူသွားဖို့ဆိုပြီး အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နဲ့ စစ်ရုံးက အတင်းအကြပ် ဖိအားပေးပြီး လွှတ်လိုက်တဲ့ စကခ ၁၂ စစ်ကြောင်းက စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး ဆိုသူဟာ MNDAA နဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်ခြေမှုန်းမှုကို ခံရပြီးတဲ့နောက်မှာပဲ အထက်က ဖိအားတွေကိုပါ မခံနိုင်တော့တဲ့အတွက် သူ့ကိုသူ အဆုံးစီရင်သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article