26 C
Yangon

ပေါင်းတည်တွင် စစ်တပ် ရိက္ခာပို စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ရွှေဘိုတွင်လည်း စစ်တပ်နှင့်ပျူ ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၆

ပဲခူးတိုင်း၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ်ကျေးရွာအုပ်စုတွင် စစ်တပ်ရိက္ခာပိုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ် ရင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဩဂုတ်လ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ပေါင်းတည်မြိုနယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်တာဝါတိုင်အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းသို မှတ္တိုင်ဘက်မှ အင်အား ၁၅ ဦးပါ စစ်ကြောင်းဖြင့် ရိက္ခာလာပိုသောကားကို သစ်ပုတ်ရွာအနောက် ဘက်မြေနီလမ်းမပေါ်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မ တော် ၃၆၀၁PPDF တပ်ရင်း တပ်ခွဲ ၁ က ကြားဖြတ်မိုင်းဆွဲခြင်း၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များဘက်မှ ရဲ ဘော် ၁ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ မြင်းချင်းပျူစောရွာ အနောက်ပိုင်းရှိ စစ်သားများနှင့်ပျူစောထီးများ တပ်စွဲထားသော သုံးထပ်တိုက် ကို တော်လှန်ရေးတပ်ဖွဲများက အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြိုနယ် ပကဖမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

တော်လှန်ရေးတပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် စစ်တပ်နှင့်ပျူစောထီးများမှာ သုံးထပ်တိုက်အထိုင်စခန်းမှ စွန့်ခွာပြီး မြင်းချင်းရွာ အရှေ့ပိုင်း စာသင် ကျောင်း နှင့် ဘုန်းကြီးကျောင်းသို ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာမှ ထပ်မံခံစစ်ပြင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများက အင်အား ထပ်မံ တိုးပြီး ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ သိုရာတွင် ယင်းနေ့ နံနက် ၈ နာရီကျော်အချိန် ပန်းရံ ပျူစောထီးကျေးရွာ ၊ ဇီးကုန်း ပျူစောထီးကျေးရွာ၊ မင်္ဂလာရွာမှ ပျူစောထီးများက ကား ၃ စီးဖြင့် အင်အား ၅၀ ကျော် စစ်ကူရောက်ရှိလာကြောင်း၊ ထိုကြောင့် တော်လှန်ရေး မဟာမိတ်တပ်များ ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲတွင် DaungMann ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ ၊ မဟူရာ ရွှေဘိုသား LPDF ၊ ဗိုလ်မဟာ ၊ MC ၊ Shwebo Federal Army ၊ Snake Eyes PDF၊ Warlord Defense Force ၊ Eyes For Eyes ၊ God of Satan စသည့် မဟာမိတ် ပူးပေါင်း တပ်ဖွဲများ ဆင်နွှ ခဲ့ပြီး ရွှေဘိုမြိုနယ် ပကဖ (PDO) အဖွဲမှ Drone ဖြင့် ပါဝင်ကူညီ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article