28 C
Yangon

ချောင်းဦးမြို့နယ်တွင် ပြည်သူများက ဘူးသပိတ်တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြရန်နှင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်

Must read

ရန်ကုန်၊ ဩဂုတ် ၆

ချောင်းဦးမြို့နယ် တစ်နေရာတွင် ပြည်သူများက ဘူးသပိတ်တိုက်ပွဲကို ဆက်လက်ဆင်နွှဲကြရန်နှင့် ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အဖြူရောင်အဝတ်အစားများဝတ်ဆင်ပြီး ဘက်ပြောင်းလာသည့် တပ်မတော်သားများအားကြိုဆိုကြောင်းပြသသည့် White Campaign (အဖြူရောင်လှုပ်ရှားမှု)ကို ကျေးရွာများစုပေါင်းပြီးပြုလုပ်ခဲ့ကြသည့်အပြင် ၁၀၂၇စစ်ဆင်ရေး(ဒုတိယလှိုင်း)နှင့်အတူ အောင်ပွဲအလီလီရရှိနေသော ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များကို ကြိုဆိုထောက်ခံကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူများက ဘူးသပိတ်ဆက်လက် ဆင်နွှဲကြရန်နှင့် တော်လှန်ရေးလှိုင်းလုံးများကိုထပ်ဆင့်မြှင့်တင်ပြီး အောင်ပွဲဖြင့် အဆုံးသတ်ကြရန် သပိတ်စစ်ကြောင်းချီတက်ခဲ့ကြကြောင်း၊ သပိတ်စစ်ကြောင်းကို ကျေးရွာ ပ.အ.ဖများနှင့်ပ.က.ဖများ ၊ဒေသကာကွယ်ရေး တပ်များ၊ တပ်ရင်း တာဝန်ရှိသူများက အကူအညီများပေးခဲ့ပြီး ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီ၊မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာပင်မသပိတ်တို့က ဦးဆောင်ချီ တက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article