27 C
Yangon

မြန်မာနိုင်ငံ တစ်ဝန်း ရေကြီးရေလျှံမှုကြောင့် တိုင်းနှင့် ပြည်နယ် ၉ ခုရှိ အခြေခံပညာ ကျောင်းပေါင်း ၁၇၀၀ ကျော် ပိတ်ထားရ

Must read

ရန်ကုန်၊ သြဂုတ် ၆

မြန်မာနိုင်ငံ တစ်၀န်း တိုင်းနှင့် ပြည်နယ် ၉ ခုတွင် ရေကြီးနစ်မြုပ်မှုကြောင့် စာသင်ကျောင်း ပေါင်း ၁၇၀၀ ကျော်ကို ဇူလိုင် လ ၂၈ ရက်နေ့ကတည်းက ယာယီ ပိတ်ထားရကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပညာရေး၀န်ကြီးဌာနမှ ထုတ်ပြတ်သည့် စာရင်းများ အရသိရသည်။

ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းများတွင်ရှိသော အခြေခံပညာ ကျောင်းပေါင်း ၁၇၄၉ ကျောင်းကို ယာယီ ပိတ်ထားရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရေကြီးနေတာကြောင့် ကျောင်းတချို့တော့ ပိတ်ထားကြရတာရှိပါတယ်။ သင်ကြားရေးလုပ်ငန်းတွေ ဘယ်လိုမှ ဆက်လုပ်လို့မရတဲ့ အခြေအနေမို့ မြို့နယ်ကလည်း ရေကြီးတဲ့နေရာက ကျောင်းတွေကို ပိတ်ထားဖို့ အသိပေးထားတယ်။ တချို့ရွာက‌ကျောင်း‌ တွေက ‌ကျောင်းမမြှုပ်‌ပေမယ့် ရွာ‌ရှိနေအိမ်‌တွေမြှုပ်တာ‌ကြောင့် သွားလာ‌ရေးအ‌ခြေအ‌နေ‌ကြောင့် ‌ကျောင်းပိတ်ထားတာရှိတယ်” လို့ ပဲခူးတိုင်းမှ ကျောင်းဆရာမတစ်ဦးက ပြောဆိုသည်။

ကျောင်းများ ယာယီ ပိတ်ထားရသည့် ကာလတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေရန် ထိခိုက်မှုမရှိစေရန် ရေကျပြီး နောက်ပိုင်း ပိတ်ရက်များတွင် အစားထိုး ပြန်လည် တက်ရောက်ဖို့ စီစဉ်ထားကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာန ကပြောဆိုထားသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အခြေခံ ပညာကျောင်းပေါင်း ၁၁၂၀ ကျောင်း ရှိပြီး ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တိုင်းနှင့် ပြည်နယ်မြို့နယ်တချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသပြည်သူ သောင်းနှင့်ချီ ရေဘေးသင့်နေရကာ ရေကြီးမှုကြောင့် လူသေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့ကစတင်ပြီး နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် ပဲခူးတိုင်းတွင် ပြည်သူ ရှစ်သောင်းနီးပါး ရေဘေးကြုံနေရကြောင်း၊ ယခုနှစ် ၂၀၂၄-၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၇၀ ရာခိုင်နှုန်းခန့် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ၉၂ ရာခိုင်နှုန်း ကျောင်းတက်ရောက်လျက်ရှိကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article