ရန်ကုန်၊ ဩဂုတ် ၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေ စက်ရုံနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပြင်ဦးလွင်ဘက်မှ တက်လာသော Mi-35 ရဟတ်ယာဉ် ၁ စီး က မတ္တရာမြို့နယ် Alpha ဘိလပ်မြေ စက်ရုံနှင့် ကျောက်တံတားရွာ အနီးတဝိုက်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲ ၂ နာရီ ၅၁ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးက မတ္တရာမြို့နယ် အနောက်ခြမ်း မြစ်ကမ်း တစ်လျှောက်နှင့် ရေလယ်ကျွန်းပေါ်ရွာများကို ဗုံးသီး ၈၃ လုံးဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုတော့ရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar