30.5 C
Yangon

မိုးကုတ်တိုက်ပွဲတွင် စွန့်ခွာ ထွက်ပြေးသည့် အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင်က စစ်ကူလူအင်အား ပြည့်စုံစွာမပေး၍ အမိန့်ကို မနာခံဘဲ ထွက်ပြေးရဟု စစ်ခုံရုံးတွင် ထွက်ဆို

Must read

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးတိုင်း၊ မိုးကုတ်တိုက်ပွဲတွင် မြိုကို စွန့်ခွာထွက်ပြေးခဲ့၍ စစ်ခုံရုံးအတင်ခံနေရသည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်က စစ်ကူလူအင်အား ပြည့်စုံစွာမပေး၍ အမိန့်ကို မနာခံဘဲ ထွက်ပြေးစွန့်ခွာရခြင်းဖြစ်ကြောင်း စစ်ခုံရုံးတွင် ထွက်ဆိုကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲများက မိုးကုတ်မြိုကို အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း၊ ထိုအချိန် အလယ်ပိုင်းတိုင်း ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်ဦးစီးသော စစ်ကြောင်းသည် မိုးကုတ်မြိုသို စစ်ကူ စေလွှတ်သော်လည်း လူအင်အား ပြည့်စုံစွာ မပေးသဖြင့် မန္တလေးသို ပြန်လာရခြင်းဖြစ်သည်ဟု မန္တလေး၊ နန်းတွင်း စစ်ခုံရုံးတွင် ဗိုလ်မှူးချုပ် အောင်လွင်က ထွက်ဆိုခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

” နဂိုကတည်းက သူက မိုးကုတ်ကို မသွားချင်လို ခါးနာတယ်ဆိုပြီးတော့ အကြောင်းပြနေတာ။ တိုင်းမှူးကြည်ခိုင် Case ဖြစ်တော့ ပြန်လာတယ်။ အဲဒါကို နောက်တိုင်းမှူးအသစ်က ဇွတ်ပြန်လွှတ်တာ။ ခု တစ်ခုခုဖြစ်တယ် သွားဆိုပြီး ဒုတိုင်းမှူး လွှတ် လိုက်တယ်။ ဒုတိုင်းမှူးကလည်း စစ်တိုက်တဲ့ ကောင်ပဲ။ ဒါပေမဲ့ ဒုတိုင်းမှူးတစ်ယာက်ကို လွှတ်လိုက်ပြီဆို သူ့အနေနဲ့ တင့်ကားတွေပါမယ်၊ အမြောက်တွေ ထပ်ပါဦးမလား လူပါမလား အဲဒီလို လူပါမှ ဒုတိုင်းမှူးသွားတယ်ဆိုပြီး ဖြစ်မှာ။ သူ့ crew ပါရမယ်။ ခုက စစ်တပ်မှာ အပေါဆုံးက ဗိုလ်ချုပ်။ ဗိုလ်ချုပ်ဆိုတော့ သွား ဒုတိုင်းမှူးလွှတ်လိုက်တယ်ဆိုပြီး ဖင်ပိတ်ကန်လိုက်တာ။ ဒုတိုင်းမှူးလည်း သူ့မှာ ကွပ်ကဲရမယ့် တပ်မရှိရင် သူလည်း ရဲဘော်ပဲ။ တပ်မရှိရင် အလကားပဲ ဘာမှ လုပ်လိုမရဘူး။ သူကလည်း အဲဒါတွေ feel တာပေါ့။ အဲဒီတော့ မှန်ကန်စွာ ထွက်ဆိုရန် သတိပေးပြီးတဲ့နောက်မှာ ကျွန်တော့် လူအင်အားမှ မပေးတာ ပြန်လာတယ်တွေ ဖြစ်ကုန်တာ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို ပြောကြားသည်။

စစ်ကောင်စီတပ်အတွင်းတွင် နောက်ပိုင်းတွင် စစ်ပုန်ကန်မှု ဖြစ်လာနိုင်သည့် အနေအထားများရှိကြောင်း၊ စစ်တိုက်ရန် သွားရပြီးနောက် ထိုသို အရေးယူခံရခြင်းများ ဖြစ်လာပြီး စစ်ဗိုလ်ချုပ်များ၏ အနာဂတ်သည် မလှပတော့ဘဲ အဖမ်းခံရခြင်း ကျဆုံးခြင်းများနှင့် နောက်ကျည်ထိခြင်း အနေအထားမျိုး ရောက်လာတော့မည်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

ဓာတ်ပုံ – အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်။(အနီဖြင့် ၀ိုင်းထားသူ)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်။(အနီဖြင့် ၀ိုင်းထားသူ)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article