ရန်ကုန်၊ ဩဂုတ် ၇
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပအိုဝ်းပြည်သူ ဆယ်ကျော်သက် အရွယ် အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့ပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရကြောင်း PNLA ကပြောဆိုသည်။
ဩဂုတ် ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆီဆိုင်မြို့မှ ဆီဆိုင်မြို့ အရှေ့ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၁၀ ရွာ ကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ဆီဆိုင်မြို့အရှေ့ မြောက် ဘက်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မီရဲ့ ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ထီရီးကျေးရွာမှ မီရဲ့ကျေး ရွာတွင် စစ်ဘေးရှောင်နေသည့် ပြည်သူ ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီး ထိမှန် သေဆုံးခဲ့သူများမှာ ဆယ်ကျော်သက် အမျိုးသမီး ၂ ဦးဖြစ်ကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၃ ရက်နေ့မှ စပြီး ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း နယ်မြေ ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင်း PNLA ကပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar