27 C
Yangon

မောင်တော ပင်လယ်ကမ်းစပ်တွင် ရိုဟင်ဂျာ အများအပြားသေဆုံးမှု AA က စုံစမ်းစစ်ဆေးနေ

Must read

မောင်တောမှ တိမ်းရှောင်လာသော ပြည်သူများအနေဖြင့် AA ၏ နေရာများသို့ လာကြရန် ၊ ပိတ်မိနေသော ပြည်သူများ အလံဖြူ အမှတ်အသားများ ပြု လုပ်ထားရန် AA က အသိပေး

ရန်ကုန်၊ ဩဂုတ် ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာတွင် ရိုဟင်ဂျာ အများအပြား သေဆုံးမှုနှင့်ပတ်သက်၍ AA က စုံစမ်းစစ်ဆေးနေကြောင်း AA က သတင်းထုတ်ပြန်သည်။

မောင်တောပင်လယ်ကမ်းစပ်အနီးတွင် ရိုဟင်ဂျာအများအပြား လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (သို့မဟုတ်) ဗုံးထိမှန် (သို့မဟုတ်) ရေနစ်သေဆုံး (သို့မ ဟုတ်) လေကြောင်းမှ တိုက်ခိုက်ခံရမှု (သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှု တစ်ခုခုဖြစ်၍ သေဆုံးနေသည်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြားသိရသောကြောင့်များစွာ စိတ်မကောင်း ဖြစ်ရကြောင်း၊ ဤသေဆုံးမှုသည် အာရက္ခတပ်တော် ထိန်းချုပ်ထားသော နယ်မြေများတွင် ဖြစ်ပျက်ခဲ့ခြင်း လုံးဝမရှိ သည့်အပြင် AA နှင့်လည်း မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်း AA က ထုတ် ပြန်သည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်များကို သိရှိရပါက အမြန်ဆုံး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် မိမိတို့ တပ်ဖွဲ့ဝင်များကို စစ်ပွဲအတွင်းလိုက်နာရမည့် စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေများကို အခြေခံစစ်သင်တန်းကတည်းကပင် ရှင်းလင်းပြတ်သားစွာ ညွှန်ကြားထားသောအဖွဲ့အစည်း ဖြစ်ကြောင်း၊ AA အနေဖြင့် အကြမ်းဖက်မှုကို အားမပေးသည့်အဖွဲ့ဖြစ်သည့်အပြင် မည်သည့် အကြမ်း ဖက်မှုမျိုးကိုမဆို ရှုတ်ချကြောင်း၊ အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက်သမားကိုမျှ ခြေချခွင့်ပေးမည် မဟုတ်ဘဲ အကြမ်း ဖက် အဖွဲ့အစည်းတိုင်းကို ချေမှုန်းသွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ တိမ်းရှောင်လာသော ပြည်သူများ အာရက္ခတပ်တော် ရှိသော နေရာများကို ဦးတည်ထွက်ခွာကြပါရန်နှင့် ပိတ်မိနေသော ပြည်သူများ အလံဖြူ အမှတ်အသားများ ပြုလုပ်ထားရန် AA က ဩ ဂုတ်လ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

မောင်တောမြို့သိမ်းတိုက်ပွဲနှင့်အတူ ပိုမို ပြင်းထန်လာသော တိုက်ပွဲများကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် သာမန်အရပ် သား ပြည်သူများအားလုံးသည် မောင်တောမြို့အတွင်းမှ ထွက်ခွာကြရာတွင် အန္တရာယ်ရှိသော နေရာများသို့ စွန့်စားထွက်ခွာခြင်းထက် လုံခြုံမှုပေးနိုင်သည့် အာရက္ခတပ်တော် ရှိသော နေရာများသို့သာ ဦးတည်ထွက်ခွာကြရန်နှင့် မြို့တွင်းမှ ထွက်ခွာရန် အခွင့်မသာဘဲ ပိတ်မိနေကြသော ပြည်သူများအနေ ဖြင့်လည်း နေထိုင်ရာ ပတ်ဝန်း ကျင်တွင် ကျည်လွတ်မြေများကို အကာ အကွယ် ယူပြီး နေထိုင်ခြင်း၊ အလံဖြူ အမှတ်အသားများ ပြုလုပ်ထားခြင်း၊ တိုက် ပွဲ၊ တိုက်ခိုက်ရေးသမားများနှင့် ဝေးသောနေရာများကို အတတ်နိုင်ဆုံး ရွေးချယ်၍ နေထိုင်ကြပါရန် AA က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လမ်းမ၊ အိမ်၊ အဆောက်အအုံကြီးများအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုး မလုပ်ကြပါရန်နှင့် အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ARSA ၊ RSO ၊ ARA အဖွဲ့ဝင်များ၏ အရပ်သားများကို လူသားဒိုင်းကာ (human shield) အဖြစ် အသုံးပြုခြင်း မခံရစေရန်အတွက် အတတ်နိုင်ဆုံး ၎င်းတို့နှင့် ဝေးရာ နေရာများ၌ နေထိုင်ကြပါရန် အသိပေးထားသည်။

တိုက်ပွဲများတွင် ရှုံးနိမ့်ပြီး ထွက်ပြေးလာသော အကြမ်းဖက်သမားများသည် သာမန် အရပ်သားပြည်သူများကြားတွင် ရောနှောလိုက်ပါလာသည်ကိုတွေ့ရှိပါက နီးစပ်ရာ ULA/AA တပ်ဖွဲ့ဝင်များထံသို့ အမြန်ဆုံး ဆက်သွယ် အကြောင်း ကြားပေးကြပါရန် စသည့် လိုက်နာရမည့် စည်းကမ်းများကို အသိပေးထုတ်ပြန်အပ်ကြောင်း၊ ထို့ကြောင့် မောင်တောဒေသမှ အပြစ်မဲ့ အရပ်သားပြည်သူများအနေဖြင့်လည်း အသက်အန္တရာယ်ထိခိုက်မှု မရှိစေရန်၊ လုံခြုံဘေးကင်းကြစေရန်အတွက် ထုတ်ပြန်ချက်၊ အကြံပြုတိုက်တွန်းချက်များကို တိကျစွာလိုက်နာကြပါရန် တိုက်တွန်းထားသည်။

လက်ရှိတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အနေ ဖြင့် ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ်ရှိ မောင်တောမြို့ နှင့် အနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်စေရန် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ ဇွန်လ ၁၆ ရက်နေ့ကတည်းက မောင်တောမြို့သိမ်းတိုက်ပွဲ မစတင်ခင်ကတည်းကပင် မောင်တောမြို့အတွင်းရှိ အရပ်သားပြည်သူများအနေဖြင့် အမြန်ဆုံးစတင်ထွက်ခွာကြပါရန် ကြိုတင်အသိပေး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ နှင့် ၎င်းတို့ လက်အောက်ခံ ARSA၊ RSO ၊ ARA တို့ သည် အပြစ်မဲ့ ပြည်သူများကို ဘေးကင်းလုံခြုံရာနေရာများသို့ ထွက်ခွာ၍ မရစေရန် လက်နက်၊ လူအင်အားသုံး၍ ခြိမ်းခြောက်တားမြစ်ခြင်း၊ အစ္စလာမ်ဘာ သာ ရေးအရ လှုံ့ဆော်သွေးထိုးခြင်းတို့ကို လုပ်ဆောင် လျက်ရှိကြောင်း၊ တစ်ပြိုင် နက်တည်းတွင် မောင်တောမြို့ထဲ၌ ပိတ်မိနေကြသည့် မွတ်စလင်များအပြင် မွတ်စလင် မဟုတ်သည့် ရက္ခိုင်၊ ဟိန္ဒူ၊ ခမီ အစရှိသော အပြစ်မဲ့ လူ နည်းစုပြည်သူများလည်း အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်၊ နှိပ်စက်၊ သတ်ဖြတ်မှု အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း မောင်တောမြို့ရှိ ကျောက်ပန္ဒူစခန်းကို သိမ်းပိုက်ရရှိထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း မောင်တောမြို့ရှိ ကျောက်ပန္ဒူစခန်းကို သိမ်းပိုက်ရရှိထားစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article