27 C
Yangon

လားရှိုးမှ စစ်တပ် မိသားစုဝင်များကို မိသားစုတစ်စုလျှင် ခရီးစရီတ် ငွေကျပ် ၅၀၀၀၀ ပေး၍ မိသားစု ၃၆၀ ကို MNDAA က ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ စစ်တပ်မိသားစုဝင်များကို ခရီး စရိတ် မိသားစုတစ်စုလျှင် ငွေကျပ် ၅၀၀၀၀ ပေး၍ MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် တပ်စွဲထားသော အာဏာသိမ်းတပ်များအားလုံး လက်နက်ချခဲ့၍ တပ်သားမိသားစုဝင်များကို စစ်သုံ့ပန်းများနှင့်အတူ မဟာမိတ်တပ်၏ အနောက်တန်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ဩဂုတ်လ ၆ ရက်နေ့တွင် တပ်သားမိသားစုဝင်များ ဘေးကင်းစေရန်၊ နေရပ်ပြန်နိုင်ရေးအတွက် MNDAAက ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

MNDAA က စစ်ကောင်စီတပ်မှ မိသားစုဝင် ၃၈၀ ကျော်ကို အိမ်ထောင်စုတစ်စုလျှင် ခရီးစရိတ် ငွေကျပ် ၅ သောင်းပေး၍ ပြန်လွှတ်ပေးခဲ့ပြီး တပ် မိသားစုဝင်အားလုံးကို ဘေးကင်းရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article