28 C
Yangon

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီးရှိ SSPP/SSA တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ

Must read

ရန်ကုန်၊ ဩဂုတ် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အနီး စနင်းတောင်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချကြောင်း SSPP/SSA မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ပင်လုံမြို့၊ စနင်းတောင်၊ နားစင်းကျေးရွာအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ပျံဝဲပြီး ဗုံးများ ကျဲချသွားကြောင်း သိရှိရသည်။

“ရှမ်းတောင် ပင်လုံမြို့ စနင်းတောင်မှာရှိတဲ့ SSPP/SSA တပ်စခန်းကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးလာကျဲတာ။ ထိခိုက်မှုမရှိပါဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ တမင်ကိုလာပြီး ဗုံးကျဲချတာပါ။ လေယာဉ်နဲ့ ၃ ခေါက် ပျံဝဲပြီးတော့ ဗုံးကျဲတာ။ ဒါက ရန်စမှုလို့လည်း ပြောလို့ရပါတယ်” ဟု SSPP/SSA မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းတွင် တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားပြီး ယင်းတိုက်ပွဲများတွင် PNLA နှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီတပ်က အထိနာနေသဖြင့် PNLA ၏ မဟာမိတ် SSPP/SSA တပ်များကို ဦးတည် တိုက်ခိုက်လာသည့် အခြေအနေဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article