ဘုတလင်မြို့နယ်တွင် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်ချီတက်
ရန်ကုန်၊ဩဂုတ် ၈
ဘုတလင်မြို့နယ်တွင် ၃၆ နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ် မြောက်ရေး ဒို့အတူရုန်း” တိုက်ပွဲ ခေါင်းစဥ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ရေးလှုပ်ရှားမှုတစ်ရပ်ကို ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။