27 C
Yangon

ပေါက်ခေါင်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး ၊ ညောင်ဦးနှင့်ကျောက်ဆည်တို့တွင်လည်း အုပ်ချုပ်ရေးမှူးနှင့်ဆယ်အိမ်မှူးတို့ သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် လူငယ်များကို စစ်သားသစ်အဖြစ် စု ဆောင်း နေသော ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းမှသတင်းနှင့် ပြန်ကြားတာဝန်ခံက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ၊ဗောဓိကုန်းအုပ်စု၊ ဗောဓိကုန်းရွာ နေအုပ်ချုပ်ရေးမှူး မောင်ဝင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ် ရင်း၊ တပ်ခွဲ ၅ က နေအိမ်သို့သွားရောက်ပြီး သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရာ နဖူးနှင့်ရင်ဘတ်တို့ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှီရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး မောင်ဝင်းသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ဗောဓိကုန်းအုပ်စုအတွင်းတွင် စစ်မှုထမ်းရန် စစ်သားသစ်အတင်းအဓ္မလိုက်လံစုဆောင်းပေးခြင်း၊စစ်မှုထမ်းများအတွက်ဟုဆိုကာ ပြည်သူများထံမှ ငွေကျပ် ၁၀၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိ ကောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူးမောင်ဝင်းကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့်ပေါင်းပြီး အုပ်ချုပ်ရေးမှူး ဆက်လက်မလုပ်ရန် သတိပေးခဲ့ကြောင်း၊ သို့ရာတွင် သတိပေးထားသည်ကြားမှ နောက်မဆုပ်ဘဲ ကျေးရွာ အုပ် စုအတွင်းပြည်သူများအပေါ်ပိုမိုဆိုးရွားစွာ အာဏာပြ လာသည့်အတွက် အရေး ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၉ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကုလားတဲကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး လှမြင့်ဦး ကို တော် လှန်ရေးတပ်များက သွားရောက်ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၊ မန္တ လေးတိုင်း ကျောက်ဆည်မြို့နယ်တွင်လည်း ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇ နာ ရီ ခွဲအချိန် ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်းကျေးရွာနေ ဆယ်အိမ်မှူး ဦးဖား သည် ကျေးရွာအပြင်ဘက်ရှိ လယ်တောသို့ နွားကျောင်းရန် ထွက်ခွာလာစဉ် ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကျောက်ဆည်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော သံချပ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးဖား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကျောက်ဆည်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော သံချပ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးဖား။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article