27 C
Yangon

စတော့ရှယ်ယာနှင့် ငွေကြေးကုမ္ပဏီအမည်ခံ Nathan Investment Myanmar က လူပေါင်း ၄၀၀ ကျော်ထံမှ ငွေသိန်းပေါင်း ၂ သိန်းကျော် လိမ်လည်ထွက်ပြေးတိမ်းရှောင်

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ပြည်တွင်းတွင် စတော့ရှယ်ယာနှင့် ငွေကြေးကုမ္ပဏီအမည်ခံ Nathan Investment Myanmar က လူပေါင်း ၄၀၀ ကျော်ထံမှ ငွေသိန်းပေါင်း ၂ သိန်းကျော် လိမ်လည်ထွက်ပြေးတိမ်းရှောင်နေကြောင်း ငွေလိမ်ခံရသူပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Nathan Myanmar ကို ၂၀၂၁ ဒီဇင်ဘာလတွင် စတင်မိတ်ဆက်ခဲ့ပြီး ၁ ဒေါ်လာ ရင်းနှီးမြှုပ်နှံလျှင် လစဉ် ၁၀ ရာခိုင်နှုန်း အတိုးရမည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်ခဲ့ကြောင်း၊ 1$ investment Application ဟူသည့် ဆော့ဖ်ဝဲလ်တွင် ငွေသွင်း ငွေထုတ်လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင်မူ အစိုးရက လုပ်ငန်းဖျက်သိမ်းခိုင်းသည်ဟု Nathan Myanmar ၏ Facebook လူမှုကွန်ရက်တွင် ကြေညာခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့်သူများကို အတိုးအရင်း ပြန်ပေးမည်ဟုဆိုကာ လိမ်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ငွေလိမ်သွားသူများသည် Nathan Myanmar ၏ CEO ဖြစ်သူ Nay Zin Htet နှင့်တွဲဘက် အလုပ်လုပ်ကိုင်သူ Khin Thu Zar Myint တို့ဖြစ်ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

“မြစ်ကြီးနားက လူတွေ လားရှိုး ရှမ်းမြောက်ကလူတွေပါ ဒုက္ခရောက်နေကြတာ။ အချို့တွေဆို သူ့ကြောင့် အိုးအိမ်စည်းစိမ်တွေ ဆုံရှုံးနေကြတယ်။ သိန်းပေါင်းကို သိန်းနဲ့ချီပါတယ် “ဟု ငွေလိမ်ခံရသူပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Nathan Myanmar သည် စတော့ရှယ်ယာစျေးကွက် လုပ်ဆောင်သည်ဟုဆိုကာ Google Play store တွင် Fintech Nathan Application ကို ဒေါင်းလော့လုပ်ခိုင်းကြောင်း၊ ယင်းနောက် အကောင့်ဖွင့်ခိုင်းကာ Aplicationမှတစ်ဆင့် ငွေသွင်းငွေထုတ်လုပ်ခြင်းများ လုပ်ဆောင်ခိုင်း၍ ငွေများလိမ်လည်ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article