ရန်ကုန်၊ ဩဂုတ် ၁၅
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း Southern YSO PDFမှ တာဝန်ခံကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပခုက္ကူလေယာဉ်ကွင်း ပြန်လည်ပြုပြင်ရေးစီမံကိန်းအတွက် လေ ယာဉ် ကွင်း အနီး ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲနေသော စစ်တပ်စခန်းကိုSouthern YSO PDF အဖွဲ၏ “နတ်မိချောင်းစစ်ဆင်ရေး” စစ်ကြောင်းက ဦးစီးကာ ပူးပေါင်းမဟာမိတ်များနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
“G3သေနတ် ၁ လက်၊ MA 11 ၁ လတ် ပေါင်း ၂ လက်ရရှိခဲ့ပါတယ်။ စစ်ခွေး ၃ ကောင် လျှောပါတယ်” ဟု Southern YSO PDFမှ တာဝန်ခံကိုအောင်မောင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါစစ်ဆင်ရေးကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Force (YRG)၊ King Cobra၊ ပြည်သူ့အားမာန် PDF ၊ ရင်း ၁၆ တပ်ခွဲ ၃ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar