27 C
Yangon

ထီးလင်းတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး အသက် ၁၁ နှစ်အ ရွယ်ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၁၄ ရက် ည ၇ နာရီ ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ထီးလင်းမြို့နယ် တောမ ရွာ လမ်းခွဲရှိ ဈေးဆိုင်များ၊ လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ် စီးဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၃၆ နှစ်အရွယ် မတင်တင်အေး နေရာမှာပင် သေဆုံး သွားပြီး အသက် ၁၁ နှစ်နှင့် ၂၃ နှစ်အရွယ် အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“အဲဒီနေရာက ရွာမဟုတ်ဘူး။ ရွာနဲ့က နည်းနည်းဝေးတယ်။ လမ်းဆုံနေရာ၊ ဈေးဆိုင်တွေဖွင့်ပြီး ဈေး ရောင်းနေကြတာ။ ဘာတိုက်ပွဲမှာ မရှိပဲ ဗုံးလာကျဲသွားတာ၊ ကျဲသွားတာက တစ်လုံးပဲ။ လူနေ အိမ် တစ်လုံးလဲ ပျက်စီးသွားတယ်၊ အမျိုးသမီး တစ်ဦးသေတယ်။ အမျိုးသမီး ၂ ဦး ဒဏ်ရာရခဲ့တယ်” ဟု ယောအလင်းတန်းမှာ ကိုဘကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article