ရန်ကုန်၊ ဩဂုတ် ၁၆
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့တွင် တနင်္သာရီမြို့နယ်ရှိ ၆ မိုင်ရွာကို အကြမ်းဖက် စစ်တပ်က K-8W Jet Fighter အမျိုးအစား တိုက်လေယာဉ်ဖြင့် နံနက် ၁၀ နာရီတွင် ၁ ကြိမ်၊ နံနက် ၁၀ နာရီ ၅၃ မိနစ် တွင် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အလားတူ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဆင်ခေါင်းရွာနှင့် ကဏန်းကွင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့်ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှုမှာ ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ပေမယ့် အဆောက်အဦး တစ်ချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်။ အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ပစ်မှတ်ထားပြီး ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသပြည်သူတွေ စိုးရိမ်ပူပန်နေကြတယ်” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar