ရန်ကုန်၊ ဩဂုတ် ၁၆
မန္တလေးတိုင်း၊ တောင်သာမြို့အနီးရှိ ဆည်ကုန်းမြောက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့အနီးရှိ ဆည်ကုန်းမြောက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၁ လုံးထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သားအမိ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး။ တိုက်ပွဲဖြစ်ပွားမှုမရှိပါဘူး အကြမ်းဖက် စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကျဲတာပါ” ဟု တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အနီးကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် အစောပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တံတားဦးမှ တက်လာတဲ့ အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီး က ဒီပဲယင်းမြို့ အနီး ဝန်းကျင်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှု ရှိမရှိကို ဆက်လက် စုံစမ်းနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar