26 C
Yangon

ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် ရွှေဘိုမြို့ မြို့ထောင့်စေတီတွင် NGO အဖွဲ့အစည်းက ဆီနှင့် ဆန် လှူဒါန်းသည်ကို သွားရောက်ယူဆောင်ပြီး ပြန်လာသည့် စစ်ဘေးရှာင် ပြည်သူ ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော စစ်ဘေးရှောင်ပြည်သူများမှာ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ၊ မြို့လှရွာ၊ ကံသာကုန်းရွာနှင့်ကျောက်မြင့်ရွာတို့မှ ဦးကြီးမောင်၊ ကိုမင်းနိုင်၊ ကိုမောင်ခိုင်နှင့် အမည်မသိ ပြည်သူ ၁၀ ဦးခန့် ဖြစ်ပြီး ဘုရားစောင်းတန်း လမ်းထိပ်၌ ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ မြို့ထောင့်စေတီမှာ NGO အဖွဲ့အစည်းကပေးတဲ့ ဆန်၊ ဆီ များကို ထုတ်ယူပြီးပြန်လာတဲ့ အချိန်ဖမ်းခံရတာ သူတို့က ရွှေဘိုမြို့ပေါ်မှာ အိမ်ငှားနေပြီး ရရာအလုပ်ကို လုပ်ကိုင်ရင်း စစ်ရှောင်နေကြရတာ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article