28 C
Yangon

သီပေါမြို့ကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန် မီးလောင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး စက်သုံးဆီ သိုလှောင်ကန် မီးလောင်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၃ ခြေလျင်တပ်ရင်း အနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နားမုံရပ်ကွက်အတွင်း ဗုံးသီး ကျရောက်ပေါက်ကွဲကာ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိန်ခန့်ကလည်း သီပေါမြို့ ကျောက်စု ရပ်ကွက်ရှိ AAA ဆီသိုလှောင်ကန်အတွင်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကာ TNLA ၏ သီပေါမြို့မီးသတ်တပ်ဖွဲ့နှင့် မြို့နေပြည်သူများက အချိန်မီ ဝိုင်းဝန်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သီပေါမြို့နယ်၊ နမ့်လန်တွင်လည်း သြဂုတ်လ ၁၆ ရက်နေ့၌ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

သီပေါမြိုတွင် သြဂုတ်လ ၁ ရက်နေ့မှ ၁၉ နေ့ အထိ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ဦးတည်၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ၄၂ ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article