26 C
Yangon

ကလေးမြို့နယ်၊ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက် ဆီးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ကလေးမြို့အနောက်တောင်ဘက်မှာရှိတဲ့ ရှားတောကျေးရွာနှင့် သုံးအိမ်စုကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှာ စစ်ကြောင်းထိုး ပြီး နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” သူတို့က ရှားတောဘက်မှာ လက်ရှိအချိန် အင်အားနည်းနေတယ်ဆိုတဲ့ သတင်းရလို့ ဝင်တဲ့သဘောပဲ။ မြို့နဲ့ကလည်းနီးတော့ သတင်းပေါက်ဖို့ကလွယ်တယ်” လို့ ကလေးမြို့တောင်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သံချပ်ကာကား ၅ စီးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်ဒိုင်းကုန်းရွာကနေ ရှားတောကိုဝင်ရောက်ခဲ့ရာမှာ CNDF နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကစစ်ကြောင်းထိုးလာစဥ်မှာ အသက် ၂၆ အရွယ် CNDF ရဲဘော် ဆလိုင်း ဗန်ထဘိခ့် ဖမ်းဆီးခံရပြီး စစ်ကောင်စီအဖွဲ့ဝင်တွေက ရှားတောကျေး ရွာကနေအိမ်တွေနဲ့အတူ မီးရှိူ့သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရသိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရှားတောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ရှားတောနဲ့ စက္ကန့်ရွာကြားက သုံးအိမ်စုကျေးရွာကို လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သုံးအိမ်စုကျေးရွာက နေအိမ် ၃၀ မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ ရှားတောကျေးရွာက နေအိမ်အများအပြားမီးလောင်ကျွမ်းခဲ့ပြီး အရေအတွက်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကိုစစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကိုစစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article