27 C
Yangon

နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ် ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ်ပျံဝဲပြီး တစ်ကြိမ်လျှင် ဗုံးသီး ၂ လုံး ကျဲချ သွားခဲ့ရာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ပေါင်တွင် ဗုံးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အ ပြင် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီလောက်က လက်ဝဲ+မြင်းနီကို လေကြောင်းကနေ ဗုံးသီး ၃ ကြိမ် ချသွားတယ်၊ တစ် ကြိမ် ၂ လုံးကျဲချသွားတာ။ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦး ပေါင် ဗုံးစထိမှန်တယ်၊ အထက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပျက်စီးတယ်၊ နေအိမ်တွေကတော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူး” ဟုဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း နွားထိုးကြီး မြို့နယ်၊ ကွမ်းအုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲပြီး ထပ်မံ၍ လေယာဉ်ပေါ်မှ စက်လက် ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးကာ အသက် ၇၀ အရွယ် သံဃာတော်တစ်ပါး အပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီး ကျောင်းအတွင်းရှိ သိမ်နှင့်လူနေအိမ် တစ်လုံးလည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article