27 C
Yangon

ဖြူးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၉ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ က ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖြူးမြို့နယ်၊ လိပ်ပေါကျေးရွာနှင့် စက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လိပ်ပေါကျေးရွာအတွင်း ဝင်ရောက် တပ်စွဲထားစဉ် ဖြူး ပကဖ မဟာမိတ်အဖွဲ့နှင့် စစ်ကြောင်း ၁ Drone Team အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ သည် စက်ကုန်းကျေးရွာကို ထပ်မံ စစ်ကြောင်းထိုးလာစဉ် ထိတွေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး လိပ်ပေါရွာ အတွင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို တောင်ပိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရှိ ရိုးမ ၁ စစ်ကြောင်း နှင့် PDO ပူးပေါင်းအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကပစကျည် 5.56 ကျည် ၁၉၅ တောင့်၊ လွယ်အိပ် ၂ လုံး နှင့် ဆေးပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article