26 C
Yangon

မင်းတပ်မြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ဟု ဒေသပြည်သူများကို မင်းတပ် CDF က အသိပေး

Must read

မင်းတပ်မြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ဟု ဒေသပြည်သူများကို မင်းတပ် CDF က အသိပေး

ရန်ကုန်၊ ဩဂုတ် ၂၁

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်ဟု ဒေသပြည်သူများကို မင်းတပ် CDF က အသိပေးက ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

အကြမ်းဖက် စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများနှင့် Drone ဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာလျက်ရှိသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွါး လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာပါက တိုက်ပွဲသတင်းများ ၊ ထိခိုက်ကျဆုံးမှုများ၊ တိကျခိုင်လုံမှုမရှိသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တွင် ဖြန့် ဝေခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article