27 C
Yangon

မုံရွာတွင် PDF အယောင်ဆောင်၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းနေသူများကို ဖမ်းဆီး အရေးယူမည်ဟု တရားဝင် အသိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်နှင့် ကျေးရွာများတွင် PDF အယောင်ဆောင်၍ စီးပွားရေး လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းနေသူများကို ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း မုံရွာခရိုင်အမှတ် ၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မုံရွာမြို့ပေါ်နှင့် ကျေးရွာများရှိ စီးပွားရေး လုပ်ငန်းရှင်များကို PDF အယောင်ဆောင်ထားသူများက မုံရွာခရိုင်အမှတ် ၉ တပ်ရင်း အမည်ကို အသုံးပြုကာ ခြိမ်းခြောက်စာများ ပေးပို့ခြင်းနှင့် အွန်လိုင်းမှ တစ်ဆင့် ပေးပို့ခြင်းများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် လုပ်ဆောင်သူများကို ဖော်ထုတ် ဖမ်း ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခြိမ်းခြောက်သားများသည် မုံရွာခရိုင် အမှတ် ၉ တပ်ရင်း အမည်ဖြင့် ထုတ်ပြန်ထားသော ဂုဏ်ပြု မှတ်တမ်းများကို အသုံးပြု၍ PDF အယောင်ဆောင်ထားသူများက ဆက်ကြေးကောက်ခံသည့်စာများ‌ ပေးပို့နေခြင်းဖြစ်ကြောင်း၊ မုံရွာခရိုင် တပ်ရင်း ၉ သည် တော်လှန်ရေးအစမှ လက်ရှိချိန်ထိ ဆက်ကြေးကောက်ခံခြင်းနှင့် အခွန်ကောက်ခံခြင်းများ လုံးဝ မရှိခဲ့ကြောင်း ၊ နောက်နောင် တွင်လည်း ကောက်ခံခြင်းများကို လုံးဝ ပြုလုပ်သွားမည် မဟုတ်ကြောင်း တပ်ရင်း ၉ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

” လုပ်တဲ့သူကတော့ စစ်ခွေးတွေကပဲ အယောင်ဆောင်ပြီးလုပ်တာလား ဘယ်သူတွေ လုပ်တာလည်း ဆိုတာကိုတော့ စုံစမ်းနေပါတယ်။ ကျွန်တော်တို့ တပ်ရင်းကို အမည်ပျက်စေချင်သော် လည်းကောင်း သူတို့ မသမာတဲ့ နည်းလမ်းသုံးပြီး ငွေရှာတယ်လို့လည်းထင်တယ်။ သေချာတာက တော့ တပ်ရင်း အမည်ကို ဖျက်တာကတော့ သေချာတယ်။ မုံရွာမြို့ပေါ်နဲ့ မုံရွာ နယ်ဘက် ရွာဘက်တွေမှာ လုပ်ငန်းကြီးတွေပိုင်တဲ့ လုပ်ငန်းရှင်တွေကို ကောက်တာ Wave အကောင့် အမည်တွေတော့ သိထားရပြီ” ဟု မုံရွာခရိုင်အမှတ် ၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ လုပ်ဆောင်နေသူများကို မုံရွာခရိုင် တပ်ရင်း ၉ အနေဖြင့် ဖော်ထုတ်သွားမည် ဖြစ်ပြီး ဖော်ထုတ်သိရှိပြီးပါက တရားဥပဒေအရ ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း မုံရွာခရိုင်အမှတ် ၉ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – မုံရွာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မုံရွာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article