27 C
Yangon

ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးရေထဲ စစ်ဘေးရှောင်တိမ်းနေရ

Must read

ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးရေထဲ စစ်ဘေးရှောင်တိမ်းနေရ

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း တပ်များက စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးထဲရေထဲ စစ်ဘေးရှောင်နေကြရကြောင်း ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှားတိုက်ခိုက်ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားနှင့် ပျူစောထီး အင်အား ၇၄ ဦး ပါ စစ်ကြောင်းသည် ယမားရွာနှင့် ငတိုပျူရွာ အကြားရှိ တည်ဆောက်လျက်ရှိသော ဆည်ဘောင်ပေါ်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်း ထိုးလာသောကြောင့် အနီးအနားကျေးရွာများမှ ပြည်သူများသည် စစ်ဘေးရှောင်နေရပြီး လက်ရှိချိန်ထိ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ဘေးရှောင်က လောလောဆယ် ယမား၊ ယအင်း၊ ရွာသစ်၊ နတ်အင်းကန်ဘောရင်းတို့ အဲဒီမြောက်ကြောက အဲဒီရွာတွေပဲရှိမယ်။ ငတိုရွာဆိုတာ ပျူရွာတွေ စစ်ကြောင်းကမရှိဘူး။ သူတို့ဘက် ကရှေ့ တိုးပြီး ဘန်ကာဆောက်တာဆိုတော့ ကိုယ့်ဘက်က အမြဲရှောင်လို ဖြစ်သွားတာ အခုလောလော ဆယ်တော့ နတ်အင်း၊ ကန်ဘောင်ရင်း၊ ယမား၊ ရွာသစ် ၄ ရွာ ပြီးတော့ ယမားတဲတိုက်တွေနဲ့ဆိုတော့ ရွာ ၄ ရွာနဲ့ယမားတဲတိုက်တွေပဲပေါ့။ ယမားရွာကတော့ အိမ်ခြေ ၃၀၀ လောက်ရှိတာ လူဦးရေ ကတော ပျမ်းမျှလောက်ပဲ၊ အတိအကျတော့ မသိရဘူး။ နည်းရင်ရွာသစ်က ပဲနည်းမှာ ရွာသစ်ကတော့အိမ်ခြေ ၁၀၀ ကျော်လောက် ယမားရွာနဲ့ ငတိုပျူရွာကြားထဲမှာ ဆည်ရှိတယ်။ အဲဒီဆည်ဘောင်ပေါ်မှာ ဘန် ကာဆောက်နေတာ အဲဒီနေရာ အင်အား ၇၀ လောက်လာပြီး အင်အားဖြည့်တာ စစ်ကြောင်းထိုးတာတော့မဟုတ်ဘူး။ သူတို့လာလို့ စစ်ဘေးရှောင်တာတော့မဟုတ်ဘူး။ နဂိုကတည်းက ကိုက ရှောင် ထားရတာ ရွာတွေကလည်း နီးတာဆိုတော့ ရှောင်နေကြတော့တာ” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့ပြင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ် အနီးမှ ထွက်လာသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီး အင်အား၂၀၀ ခန့်စစ်ကြောင်းသည် ကန့် ဘလူမြို့နယ်၊ အင်းမရွာတောင်ဘက်မှ ရှမ်းကုန်းဘက် ဦးတည်ထွက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချပ်ကြီးရွာဘက်သို့ ဦးတည်ထွက်နေကြောင်း သိရှိရသည်။

“ကန့်ဘလူမြောက်ခြမ်းမှာတော့ စစ်ကြောင်းရှိတယ်။ ပင့်သာ၊ အင်းမတို့အဲဒီဘက်ခြမ်းမှာ အဲဒီဘက်မှာ တော့အင်အားရှိသေးတယ်။ ၆၀၀၆ ကနေ ထွက်ပြီးတော့ ကျွန်းလှဘက်ကနေ ချပ်ကြီး ဘက်ကို ထွက်တဲ့စစ်ကြောင်းပဲ အဲဒီစစ်ကြောင်းက ပြန်ဆုတ်နေတာ အခုက ပင့်သာ နှစ်ရာချောင်း ကြားရှိတယ်လေ အဲဒီနေရာမှာ ပျောက်နေတယ်လို့ သိရတယ်” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတာဝန်ခံက ပြောဆို သည်။

ထိုသို့ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ စစ်ကြောင်းထိုး လှုပ်ရှားနေမှုကြောင့် စစ်ဘေးရှောင်နေရ သည့် ပြည်သူများမှာ တစ်ပတ်ကျော်ရှိပြီဖြစ် မိုးရေထဲတွင် စစ်ဘေးရှောင်နေရသဖြင့် အရေးပေါ် စား၊ ဝတ်၊ နေရေးအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article