27 C
Yangon

စစ်ကောင်စီက ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅ ဦး အပါအဝင် အကျဉ်းသား ၂၇၅ ဦးကို မြောင်းမြထောင်သို့ ပြောင်းရွှေ့

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သား ၂၅ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၂၇၅ ဦးကို မြောင်းမြထောင်သို့ စစ်တပ်က ပြောင်းရွှေ့လိုက် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီက ဩဂုတ်လ ၂၅ ရက် နံနက် ၈ နာရီခန့် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို မြောင်းမြထောင်သို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂ နာရီအချိန်မှ မြောင်းမြထောင်သို့ အကျဉ်း သားများ ရောက်ရှိကြကြောင်း ၊ ဩဂုတ်လ လကုန်ပိုင်းတွင်လည်း ပုသိမ်ထောင် မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများ ထပ်မံရွှေ့ပြောင်းမှု ပြုလုပ်ရန်ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

အကျဉ်းသားများကို ထောင်ပြောင်းရွှေ့မှုတွင် နိုင်ငံရေးအကျဉ်းသားဦးရေ ၂၅ ဦးခန့်သာပါဝင်ပြီး ကျန်အကျဉ်းသားများမှာ နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားရာဇဝတ်မှုများ ဖြစ်ကြောင်း၊ လက်ရှိပုသိမ်မြို့တွင် စစ်တပ်က စစ်ရေးပြင်ဆင်နေပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအား လုံး၏ လုံခြုံမှု အတွက် သတိထားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းဦးက ဆိုသည်။

“ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေ စစ်ပြင်ဆင်မှုတွေကိုပိုပြီးလုပ်ဆောင်လာတာနှင့်အမျှ ဧရာဝတီတိုင်းထဲက ထောင်တွေမှာရှိတဲ့ နိုင်ကျဉ်းတွေ အပါအဝင် အကျဉ်းသားတွေကို လုံခြုံမယ်လို့ သူတို့ယူဆထားတဲ့ ထောင်တွေကို ပြောင်းရွေ့နေခြင်းဖြစ်ပါတယ်။ နောက်လာမယ့်လတွေမှာ ထောင် ပြောင်းရွေ့မှုကို ခပ်စိပ်စိပ်လှုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားထားတော့ ပိုပြီးသတိထားရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ – ပုသိမ်းအကျဉ်းထောင်မှ အကျဉ်းသားတချို့ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၂၀၁၉ ခုနှစ်တွင်လွှတ်ပေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပုသိမ်းအကျဉ်းထောင်မှ အကျဉ်းသားတချို့ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၂၀၁၉ ခုနှစ်တွင်လွှတ်ပေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article