ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများက “တပ်ပျက်နေပြီ” ကြွေးကြော်သံဖြင့် သပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၈
ရန်ကုန်မြို့ ရှိ တော်လှန်ရေးအင်အားစုများက “တပ်ပျက်နေပြီ” ကြွေးကြော်သံဖြင့် သပိတ်လှုပ်ရှားမှုကို ယနေ့ သြဂုတ် ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆုံးစွန်ထိ မိုက်ကမ်းစွာဖြင့် တိုင်းပြည်၊ လူထုနှင့် တပ်ကို ဖျက်စီး ဖိနှိပ်နေသည့် အာဏာရူး မင်းအောင်လှိုင် အတွက် အသေမခံဘဲ မြန်မာ့တပ်မတော်သားများပါ နွေဦးတော်လှန်ရေးတွင် အမြန်ဆုံးပါဝင်ပူးပေါင်း၍ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲကြပါရန်၊ ပြည်သူ့ဘက်သို့ အမြန်ဆုံး ဘက်ပြောင်းခိုဝင်ကြရန် လှုံ့ဆော်စည်းရုံးခဲ့ကြောင်း သိရှိရသည်။