27 C
Yangon

မြို့သစ်မြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ကျော်စိုးလင်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ကျော်စိုးလင်းကို ပစ်ခတ် တိုက်ခိုက်ရာသေဆုံးခဲ့ကြောင်း တိုက်ဒေါင်းတပ်ဖွဲ့ ဒုတာဝန်ခံ ဖိုးခွားက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာတွင် နွားကြောင်းနေသည့် ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ကျော်စိုးလင်းကို တိုက်ဒေါင်းတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

“ဦးခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးပါတယ်။ ကျော်စိုးလင်းက လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် သေနတ်ရမယ်ထင်ပြီး သူ့အိမ်ကို ကျွန်တော်တို့ ရဲဘော်တွေ ဝင်ရောက်ရှာဖွေဖို့ အသွား စစ်ခွေး ၃ ကောင်နဲ့တွေ့ခဲ့လို့ သေနတ်မယူခဲ့ရဘဲ ပြန်ဆုတ်ခဲ့ရတယ်။ နွားကြောင်းနေရင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု တိုက်ဒေါင်းတပ်ဖွဲ့ ဒုတာဝန်ခံ ဖိုးခွားက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article