27 C
Yangon

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ ဓာတုအဆိပ်ငွေ့ပါဗုံးများ စစ်တပ်က အသုံးပြု၊ သံတွဲနှင့်ဂွမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှီကာ ဓာတုအဆိပ်ငွေ့ပါဗုံးများ စစ်တပ်က အသုံးပြုနေကြောင် AA က သတင်းထုတ်ပြန်သည်။

AA က မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် မောင်တောမြို့ အတွင်း စစ်ကောင်စီ၏ အဆင့်ဆင့်ခုခံတားဆီးထားသော နေရာများကို တစ်ခုပြီးတစ်ခု ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ခံစစ်နေရာအများစုကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိနေကြောင်း၊

တစ်ပြိုင်နက်တည်းတွင် မောင်တောမြိုတွင်း၌ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာဖြင့် အစုလိုက်၊ အစုလိုက် ကစဉ့်ကလျားထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ AA က ထပ်မံသိမ်းပိုက်ရရှိထားသော မောင်တောမြို့၏ နေရာအနှံအပြားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် လက်အောက်ခံ အကြမ်းဖက် လက်နက်ကိုင်များ၏ အလောင်းများ ရရှိကြောင်း၊ စစ် သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ မောင်တောမြို့ ပြင်တွင် တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီတပ်၏ နခခ ၅ စခန်းက လက်နက်ကြီးများအပြင် ဓာတုအဆိပ်ဓာတ်ငွေ့များပါသော ဗုံးများကို အသုံးပြု၍ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လာကြောင်း၊ ထို့အပြင် မောင်တောမြို့အတွင်းမှ ဆုတ်ခွာထွက်ပြေးနေစဉ် အတွင်း တိုက်တာအဆောက်အဦးတို့ကိုလည်း မီးရှိဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။

မောင်တောမြိုသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် အကြမ်းဖက် လက်နက်ကိုင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသော အပြစ်မဲ့အရပ်သား ပြည်သူလူထု ၂၆၀၀၀ နီးပါးကို AA က ကယ်ထုတ်ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ သံတွဲမြိုနယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြိုနယ်၊ ကျိန္တလီမြိုအနီး ကျောက်ပါးစပ်ကျေးရွာ အနီးတိုတွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီက မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူများ၊ လက်နက်အင်အား၊ ရေတပ်စစ်သင်္ဘောအရေအတွက်များကို ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိသည့်နည်းတူ အာရက္ခတပ်တော်ကလည်း အဆက်မပြတ် ထိုးစစ်ဆင်တို က်ခိုက်လျက်ရှိသောကြောင့် ကျိန္တလီ၊ ဂွ နှင့် အဆိုပါဒေသများနှင့်ဆက်စပ်နေသော နေရာများ၌ တိုက်ပွဲများပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article