26 C
Yangon

သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၃ လက် သိမ်းဆည်းရရှိ

Must read

သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၃၀

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ် (၁) စစ်ဒေသက ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃ ၊ စခတ-၂ ၊ သနတ-၁ ထုတ်နုတ် အဖွဲ့ တပ်စွဲထားသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂) ၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်/သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် W-89 တိုမှ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၁၃ လက်၊ ကျည် ၂၇၉၆ တောင့်၊ Drone Slayer ၂ လက်၊ ၆၀ မမ ဗုံးသီး ၄၃ လုံး၊ အီနာဂါ ၆ လုံးနှင့် ကျည်အိမ် ၂၂ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article