27 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်နေပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကို အုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်နေ

Must read

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်နေပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကို အုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်နေ

ရန်ကုန်၊ စက်တင်ဘာ ၁

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်ပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကို အုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်အပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို ဦးဆောင်မည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိပြီး ဒေသအကျိုးကို ဆောင်ရွက်လိုသူ၊ သစ္စာရှိသူများဖြစ်ရမည်ဟု ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်က ဩဂုတ်လ ၃၀ ရက်နေ့ ပဲခူးတိုင်းစစ်ကောင်စီနှင့်တွေ့ဆုံပွဲတွင်လည်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လိုအပ်ချက်များကို ထည့်သွင်းပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူး အဆင့်ဆင့်တွင် ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲများသည် ပြည်သူများနှင့် မြေပြင်တွင် အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကိုလည်း ဖော်ဆောင်ရမည်ဖြစ်ကြောင်း ညွန်ကြားခဲ့ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အပြောင်းအလဲ လုပ်နေပြီး ဃ ရပ် ကွက်အုပ်ချုပ်ရေးနေရာတွင် စစ်ကောင်စီ၏ သတင်းပေး စစ်ရန်နိုင်ကိုလည်း ကောင်း၊ ဆ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာတွင် ကြံ့ဖွတ် အမာခံတစ်ဦးကိုလည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

“မြောက်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက် အုပ်ချုပ်ရေးမူးတွေအပြောင်းအလဲလုပ်နေပြီ။ ဃ ရပ်ကွက်အုပ်ကြီးစန်းလွင်နေရာမှာ လွန်ခဲ့တဲ့နှစ်က ဒလန်လုပ်လို့အပစ်သတ်ခံရတဲ့ နွယ်နီ၃လမ်းမှာနေတဲ့ ကျောင်းဆရာမရဲ့တူ စစ်ရန်နိုင်ဆိုတဲ့ကောင်ကိုလုပ်ခိုင်းတယ်။ ဆ ရပ်ကွက်အုပ်ကြီးထက်ထက်ဝင်းနေရာကိုကြံ့ဖွတ်အမာခံတစ်ဦးကို လုပ်ခိုင်းတယ်။ သူတို့စစ်တပ်လိုအပ်ချက်တွေကို မဖြည့်ပေးနိုင်လို့သုံးမရဘူးဆိုပြီးဖြုတ်ထုတ်ပစ်တာ။ အခြားရပ်ကွက်တွေမှာလည်း အုပ်ချုပ်ရေးမှူးတွေ လူလဲနေပြီ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လွန်ခဲ့သော ဩဂုတ်လအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အဆိုပါ အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး လုံခြုံရေးအဖွဲ့များကို တပ်ဆင်ကာ လက်နက်များ ပါ တပ်ဆင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဝင်များနှင့် စစ်တပ်လက်အောက်ခံ ပျူစောထီးများကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article