27 C
Yangon

ကျောက်ပန်းတောင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ

Must read

ကျောက်ပန်းတောင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၁

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဒီဒုတ်ကုန်းကျေးရွာအုပ်စုရှိ သနပ်ပင်ကျေးရွာ နှင့် မြင်းခြံကုန်းကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲချခဲ့ရာ ကျေးရွာနေ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။

“ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကျဲချတာ။ လူ ၄ ဦးသေဆုံးပါတယ်။ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးပါ။ ကလေး ၁ ဦး ခြေပြတ်လက်ပြတ်ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦး က ဆိုသည်။

အလားတူ ယနေ့ ညနေပိုင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်ကမ်း မောင်းကုန်းကျေးရွာ၊ စျေးအတွင်းသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသွားရာ လတ်တလော ပြည်သူ ၁ ဦးသေဆုံးသည်ဟု သိရှိရပြီး အခြားထိခိုက်သေဆုံးများလည်းရှိကြောင်း သိရှိရသည်။

“ညနေက ထီးချိုင့် အရှေ့ဘက်ကမ်း မောင်းကုန်းရွာ လူစည်ကားရာ လမ်းဘေးစျေးအရှေ့ ပိပိရိရိ (ထမင်းဆိုင် )အရှေ့တည့်တည့်ကို လေယာဉ်ဗုံးကျဲသွားပါတယ်။ ကသာမြို့နယ် အင်းရွာသား တစ်ယောက် သေဆုံးပြီး ကသာနယ်သားတော်တော်များများ စျေးဝယ်သွားချိန် ကြံတောင်သူများ သကြားစက်သို့ သွားချိန်နဲ့ဆုံပြီး ဗုံးကျဲချတာ။ သေဆုံး/ထိခိုက် ဉီးရေ အတိအကျမသိရသေးပါ။ စစ်ခွေးတွေကတော့ မဲမဲမြင်ရာ အကုန်ကျဲနေတယ်။ တချို့အလောင်းတွေက တစစီကောက်နေရတယ်” ဟု ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာပြီး ပြည်သူများထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စည်းစိမ်းများ ပျက်စီးမှုများလည်းများပြားလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ ညပိုင်း ပျံသန်းနေသော တိုက်လေယာဥ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article