28 C
Yangon

မန္တလေးတွင် ယနေ့ နံနက် ၄ နာရီဝန်းကျင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့်အတူ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၊ ရန်ကုန်မြို့ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်မှု ရဲ ၂ ဦး ထိခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၃

မန္တလေးမြို့ပေါ် မြောက်ပြင်ဘက်တွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ပြီး ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှစတင်၍ မန္တလေး မြောက်ပြင်ဘက်တွင် ရှော့တိုက်ဒုံး အနည်းဆုံး ၅ လုံးမှ ၆ လုံးအထိ ပစ်ခတ်သံများကြားရပြီး တစ်ဆက်တည်းတွင် ပေါက်ကွဲသံကြီးများ ပါကြားရကြောင်း ၊ ယင်းနောက် မန္တလေးမြို့ပေါ် ရပ်ကွက်တချို့တွင် လျှပ်စစ်မီးများ ပြတ် တောက်သွားခဲ့ကြောင်း သိရှိရသည်။

” ရွှီး ဆိုတဲ့ အသံကြီးတွေအရင်ကြားရတာ။ ပြီးမှ ပေါက်ကွဲသံကြားရတာ။ ပေါက် ကွဲသံက ဆက်တိုက်ကြားရတာ။ နန်းတွင်းထဲကို ပစ်တာလားတော့မသိဘူး။ ကျုံးပတ်လည် က လူတွေအားလုံးကြားရတယ်။ လန့်နိုးလာကြတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့နံနက် ၄ နာရီဝန်းကျင်အချိန် ပစ်ခတ်မှုများတွင် လမ်း ၈၀×၁၁×၁၂ လမ်း ကြား ကိုရီးယား အကြောပြင် တိုက်အပေါ်ဆုံးထပ်သို့ လက်နက်ကြီး တစ်လုံးကျရောက်ခဲ့ပြီး အမိုးပွင့်ထိခိုက်ပျက်စီးကား လူထိခိုက်မရှိကြောင်း၊ ဒုတိယတစ်လုံးမှာ အမှတ် ၄ ရဲစခန်းအရှေ့ဘက်တိုက်သို့ ကျရောက်ကာ တိုက်အပေါ် ထပ် အုတ်နံရံပျက်စီးသွားကြောင်း၊ တတိယတစ်လုံးမှာ ရွှေကျင်တိုးဂိတ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 က သတင်းဖော်ပြထား သည်။

အလားတူ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန် အမှတ် ၁ လုံခြုံရေးဂိတ်ပေါက်ကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ ည ၈ နာရီ ၁၄ မိနစ်ခန့်အချိန် သန်လျင်မြို့နယ်၊ သီလဝါ ဆိပ်ကမ်း ဇုံ ၁ ဂိတ်ပေါက်ကို Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင် ဦးဆောင်ပြီး လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြေပြင် အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“သီလဝါဆိပ်ကမ်း ဇုန် ၁ ဂိတ်ပေါက်ဝ တည့်တည့်ကို ကျွန်တော်တို့ ည ၈ နာရီ ၁၄ မိနစ်ခန့်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက် ပါတယ်။ ပထမ တိုက်ခိုက်တဲ့ အချိန်မှာ စစ်ခွေး ဇုန် ၁ ရဲ့ ညာဘက်ခြမ်းကို အသီး ၁ လုံးက ကျရောက် ပေါက် ကွဲတဲ့ အချိန်မှာ ကျန်တဲ့ အတွင်းထဲမှာရှိတဲ့ ရဲခွေး အပါအဝင် လုံခြုံရေး အ စောင့် ၆ ယောက်က ထွက်လာတယ်။ အဲချိန်မှာ နောက်ထပ် အသီး ၁ လုံး ကျ ရောက် ပေါက်ကွဲတဲ့ အချိန်မှာ ရဲခွေး ၂ ကောင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြေ ပြင် အခြေအနေအရ သိရပါတယ်” ဟု Mother Son Yangon Force.UG အဖွဲ့ ဦးစီးမှူး ဗိုလ်နိုင်က ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များကို ဦးတည်သော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီတပ်များကို ဦးတည်သော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article