27 C
Yangon

မကွေးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်းများ၊ Non-CDM ဝန်ထမ်းများ၊ မီးသတ်များနှင့် ပျူစောထီးများကို ဒရုန်မောင်းနည်း သင်တန်းများး တရုတ်တချို့က သင်တန်းပေး၊ စစ်ကိုင်းတိုင်းရှိ ပြည်သူ့စစ်များကိုလည်း ဒရုန်းသင်တန်းများ အကြီးအကျယ်ပို့ချပေးနေ

Must read

တရုတ် AheadX ကုမ္ပဏီထံမှ ထောက်လှမ်းရေးဒရုန်းအများအပြားကိုလည်း စစ်ကောင်စီက ဝယ်ယူထား

ရန်ကုန်၊ စက်တင်ဘာ ၅

မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင် စစ်မှုထမ်းဟောင်းများ၊ Non-CDM ဝန်ထမ်းများ၊ မီးသတ်များနှင့် ပျူစောထီးများကို ဒရုန်း မောင်းနည်း သင်တန်းများကို တရုတ်တချို့က လာရောက် သင်ကြားပေးလျက်ရှိကြောင်း စစ်မှုထမ်းဟောင်းတချို့ထံမှ သိရှိရသည်။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းပြီးနောက် အဖွဲ့ဝင် စစ်မှုထမ်းဟောင်းများ၊ Non-CDM ဝန်ထမ်းများ၊ မီးသတ်များနှင့် ပျူစောထီးများကို ဒရုန်း မောင်းနည်း သင်တန်းများ ပို့ချနေခြင်းပြီး တရုတ်တချို့ကပါ လာရောက် သင်တန်းပေးလျက်ရှိကြောင်း၊ စစ်ကောင်စီက AheadX ကုမ္ပဏီထံမှ ထောက်လှမ်းရေး ဒရုန်းနှင့် UAV အများအပြား ကို ဝယ်ယူထားပြီး ယင်းဒရုန်းများကို ပြည်သူ့စစ်များနှင့် စစ်တပ်ထောက်ခံသူများ ကျွမ်းကျင်စွာ မောင်းနှင်အသုံးပြုနိုင်ရေး သင်တန်းများ ပို့ချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

မကွေးမြို့ပေါ်တွင် ဒရုန်းသင်တန်းပေးနေသော တရုတ်လူမျိုးများမှာ မည်သည့်ကုမ္ပဏီက ဖြစ်သည်ကို မသိရှိရသေးဘဲ ဒရုန်းအသုံးပြုနည်း ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒရုန်းများသည် အဓိက PDF များ၏ တည်နေရာကို အဓိက ထောက်လှမ်းရန် အသုံးပြုနေခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် မဘသ ဘုန်းကြီး ဝါသ၀ ဦးဆောင်သော ပျူစောထီးများအတွက် စစ်ကောင်စီက ဒရုန်းများ ထောက်ပံ့ပေးပြီး ဒရုန်းဖြင့် ထောက်လှမ်းခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများကို အနီးကပ် လေ့ကျင့်သင်ကြားပေးနေကြောင်း သိရှိရသည်။

“ပျူစောထီးတွေထဲမှာ ဒရုန်းတပ်သားဆိုပြီး သပ်သပ်ကို ရွေးထုတ်ပြီး သင် တန်းပေးတာ။ ဒရုန်းတွေကတော့ စစ်ကောင်စီကနေ ပေးပို့တယ်။ ဒရုန်းဗုံးသီးရော စစ်တပ်ကပဲ ထောက်ပံ့ထားတယ်။ ဦးဝါသ၀ကလည်း ဒရုန်းတပ်ဖွဲ့ဆိုပြီး ပြန်ဖွဲ့ပြီးတော့ လေ့ကျင့်နေကြတာ။ တဖြည်းဖြည်းနဲ့ သူတို့လည်း ဒရုန်းနဲ့ ဗုံးကျဲတာကို အမြဲလေ့ကျင့်နေကြတယ်” ဟု ကန့်ဘလူနယ်မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် ရရှိရေး တန်ပြန် တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် ဒရုန်းတပ်ဖွဲ့များ ဖွဲ့စည်း ပြင်ဆင်လာပြီး တရုတ်နိုင်ငံမှ ဒရုန်းနည်ပညာနှင့် ဒရုန်းများကို ပမာဏများစွာဖြင့် ဝယ်ယူနေကြောင်း၊ ယင်းတို့ထဲတွင် တရုတ် AheadX ကုမ္ပဏီက ထုတ်လုပ်သော စက်သုံးဆီနှင့်ဘက်ထရီ ၂ မျိုးသုံး ဒရုန်းများကိုလည်း အများအပြား အသုံးပြုလာကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုကာလ စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ဝါသ၀ ဦးဆောင်သော ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲသည့် နည်းအပါအဝင် ဒရုန်းသင်တန်းများ တက်ရောက်နေကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article