27 C
Yangon

နောင်ချို၊ တောင်ခမ်းရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်ရေး တိုက်ပွဲတွင် TNLA က စစ်တပ်၏ သံချပ်ကာများကို အသုံးပြုနေပြီး လက်နက်နှင့်စစ်သားအလောင်းများ သိမ်းဆည်းရရှိသည့် မှတ်တမ်းများ ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များဖြစ်သည့် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တပ်များကို တိုက်ခိုက်သိမ်းပိုက်ရေး တိုက်ပွဲတွင် TNLA က စစ်တပ်၏ သံချပ်ကာများကို အသုံးပြုနေပြီး လက်နက်နှင့်အလောင်းများ သိမ်းဆည်းရရှိသည့် မှတ်တမ်းများကို ယမန်နေ့ ထုတ်ပြန်လိုက်သည်။

တောင်ခမ်းတွင် အမြောက်တပ်ရင်း ၄ ခုရှိသည့်အနက်မှ အမြောက်တပ် ၄၀၆ နှင့် အမြောက်တပ် ၂၀၆ တို့ကို သြဂုတ်လ ၂၈ ရက်နေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိသော အမြောက်တပ် ၃၅၄ နှင့် အမြောက်တပ် ၉၀၂ တပ်တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် တိုက်ပွဲ ဝင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းတိုက်ပွဲရုပ်သံမှတ်တမ်းတွင် TNLA က စစ်ကောင်စီထံမှ သိမ်းရသည့် သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုနေသည့် မှတ်တမ်းကိုလည်းပြသွားပြီး ယင်းတိုက်ပွဲမှတ်တမ်းမှာ စက်တင်ဘာ ပထမပတ်အတွင်း စစ်ဦးစီးမှူး ဒုတိယဗိုလ်မှူးကြီးတားမဝေါ နှင့် တပ်မဟာမှူး ၆ ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်၍ ကျောက်မဲ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စု ရှိ စစ်​ကောင်စီ၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တွင် ဖြစ်ပွားနေသော တိုက်ပွဲမှတ်တမ်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတောင်ခမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်းတွင် သေဆုံးနေသော စစ်ကောင်စီတပ်များ၏ အလောင်းများနှင့် သိမ်းဆည်းရရှိသော လက်နက်များကို ထုတ်ပြန်ထားပြီး တော်လှန်ရေးတပ်များဘက်မှလည်း အထိအခိုက် အကျအဆုံးများရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တချို့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article