27 C
Yangon

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး ပျူစောထီးစခန်းနှင့် စစ်တပ် စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး ပျူစောထီးစခန်းနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင်ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး ပျူစောထီးစခန်းထွက်လာသော သီးလုံး၊ မြင်းချင်း၊ ခွန်တောင်ကြီး၊ ပန်းရံရွာတို့မှ ပျူစောထီး အင်အား ၁၀၀ ကျော်နှင့် အကြမ်းဖက် စစ်သား ၅၀ ဦး ပူးပေါင်းထားသော စစ်ကြောင်းသည် သပြေသာရွာနှင့် မြိုက်ရွာ ဘက်ကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်း ထွက်ခွာသွားပြီးနောက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဇီးကုန်းလေး ပျူစောထီး စခန်းကို မြို့နယ် ပကဖ (PDO Drone Team – Federal Wings ShweBo) ဒရုန်းတပ်ဖွဲ့က ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘို-ရေဦး လမ်းပိုင်းရှိ ကျွန်းခြံအနီးသို့ ရောက်ရှိလာပြီး တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းများကို ရှင်းလင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ကျွန်းခြံကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့က ဒုတိယ အကြိမ် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၄ နာရီ ၂၀ မိနစ် ခန့်တွင် ဇီးကုန်းလေး ပျူစောထီးစခန်းကို မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့က တတိယအကြိမ် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုတွေမှာ အားလုံးပေါင်း စစ်ကောင်စီ တပ်သား ၄ ကောင်သေပါတယ်။ ဒဏ်ရာရတဲ့ ကောင်တွေကို ကားပေါ် တင်ပြီး ရွှေဘိုဘက်ကို မောင်းသွားတယ်။ သေသွားတဲ့ ကောင်တွေကိုတော့ ပန်းရံပျူစောထီးရွာကို ပြန်သယ်သွားပြီး မီးသဂြိုလ်လိုက်တယ်လို့ သိရတယ်။ တော်လှန်ရေး ရဲဘော်တွေ အားလုံး အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ PDO တိုက်-ခိုက်-ရေး-အဖွဲ့ ၊ မြို့နယ်ပကဖ (PDO Drone Team – Federal Wings ShweBo) ဒ-ရုန်း-တပ်-ဖွဲ့၊ တိုက်နယ်-၅ ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ်-၅ နယ်မြေခံ ပကဖ အဖွဲ့၊ တိုက်နယ် (၁) ပကဖ အဖွဲ့၊ တိုက်နယ်(၂) ပကဖ အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article