27 C
Yangon

မြ၀တီရှိ အွန်လိုင်းကျားဖြန့် လုပ်ငန်းများနှင့် ဆက်နွယ်မှု သံသယဖြင့် မလေးရှားဒုဝန်ကြီးဟောင်းကို မလေးရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးနေ၊ ဒုဝန်ကြီးဟောင်းကမူ ကျားဖြန့်နှင့်မပတ်သက်ဟု ငြင်းဆိုနေဆဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွယ်နေမှု သံသယဖြင့် မလေးရှားဒုဝန်ကြီးဟောင်းဒါတွက် မာရှီတာ အီဗရာဟင်ကို မလေးရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောငး မလေးရှားသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF)/ ကရင်အမျိုးသားတပ်မတော် (KNA)နှင့် ဆက်နွှယ်သည့် Dongmei ကျားဖြန့် ငွေလိမ်လုပ်ငန်းခြံကြီးတွင် ဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်၏ ပါဝင်ပတ်သက်မှုကို မလေးရှားရဲတပ်ဖွဲ့နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်တို့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မလေးရှားဒုဝန်ကြီးဟောင်းက မာရှီတာအီဗရာဟင်က မြ၀တီမြို့ Dongmei အွန်လိုင်းကျားဖြန့် ဗဟိုဌာန အုတ်မြစ်ချအခမ်းအနားတွင် သူမတက်ရောက်ခဲ့မှာ မိတ်ဆွေ တစ်ဦး၏ ဖိတ်ကြားချက်အရ ဧည့်သည်တစ်ဦးအနေဖြင့် အခမ်းအနားတွင် ဓါတ်ပုံရိုက်ခံရခြင်းသာဖြစ်ပြီး၊ သူမအနေဖြင့် တရားမဝင်လုပ်ငန်းများတွင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသည်။

မလေးရှားဒုဝန်ကြီးက ၎င်းအနေဖြင့် မြန်မာာနိုင်ငံသို့ သွားရောက်ခဲ့ခြင်းမှာ မြ၀တီတွင် အိမ်ခြံမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှား CID ညွှန်ကြားရေးမှူး Comm Datuk Seri Mohd Shuhaily Mohd Zain က အတည်ပြုကြောင်း မလေးရှား The Star သတင်းဌာနက သတင်းဖော်ပြသည်။

“သူမ မြ၀တီကို ရောက်ရှိတာက အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုအတွက် သူမသွားရောက်ခဲ့တာကို ကျနော်တို့ စစ်ဆေး အတည်ပြုနိုင်ပါတယ်” ဟု Comm Datuk Seri Mohd Shuhaily Mohd Zain က ပြောဆိုသည်။

သို့ရာတွင် လူကုန်ကူးမှု စွပ်စွဲချက်များတွင် မလေးရှားနိုင်ငံသားများ ပါဝင်နေမှုများနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ပြောဆိုသည် ။

မြ၀တီရှိ အွန်လိုင်းကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်မှု သံသဖြင့် စစ်ဆေးခံနေရသူ မလေးရှားဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ခင်ပွန်း Abdul Shakor မှာ အီဂျစ်သံတမန်ဟောင်းတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် Dongmei Park အတွက် ရင်းနှီးမြှုပ်နှံသူများအား ကျေးဇူးတင်အခမ်းအနားတွင် မာရှီတာအီဗရာဟင်သည် ချက်လက်မှတ်ကြီးနှင့်အတူ ဓါတ်ပုံတွင် ပါရှိခဲ့ကြောင်း၊ ယင်းချက်လက်မှတ်ကို သူမ၏ အမျိုးသားဖြစ်သူ အဗ္ဗဒူရှာကော်ဘင်အဘူဘာကာနှင့်အတူ သူမပိုင်ဆိုင်သည့် မလေးရှားကုမ္ပဏီ Grand Commerce Network Sdn Bhd နှင့် ငွေလိမ်ခြံလုပ်ငန်းကြီးတို့ ပူးတွဲ၍ ထုတ်ပေးထားကြောင်း ချက်လက်မှတ်ကြီးတွင် တွေ့ရကြောင်း၊ ထို့အပြင် Dongmei Group တွင် ဟောင်ကောင်၌ မှတ်ပုံတင်ထားသည့် Dongmei Investment Group Company Limited ရှိပြီး၊ ယင်းကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားကြောင်း၊ ယင်းကုမ္ပဏီတွင် မလေးရှားဒါရိုက်တာနှင့်ရှယ်ယာရှင် နှစ်ဦးပါဝင်ပြီး၊ ၎င်းတို့အနက် တစ်ဦးမှာ အဗ္ဗဒူရှာကော်ဘင်အဘူဘာကာ ဖြစ်ကြောင်း JFM က ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသည့် Dongmei ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးတွင် ထင်ရှားသည့် မလေးရှားနိုင်ငံသားများ၏ ပါဝင်ပတ်သက်မှုအပေါ် မလေးရှားရဲတပ်ဖွဲ့နှင့် မလေးရှားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်တို့၏ စုံစမ်းစစ်ဆေးမှုများကို ကြိုဆိုကြောင်း၊ မလေးရှားအာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည့် မလေးရှားနိုင်ငံသားအားလုံးကို လျင်မြန်စွာ စုံစမ်းစစ်ဆေးသင့်ပြီး၊ အပြည့်အဝ အပြစ်ပေးအရေးယူသင့်ကြောင်း JFM က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မလေးရှားဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မလေးရှားဒုဝန်ကြီးဟောင်း ဒါတွက် မာရှီတာ အီဗရာဟင်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article