25.4 C
Yangon

ပုသိမ်ကြီးမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဉ် ၂ ဦးလုံး လွတ်မြောက်သွားပြီး သံခွန်ရေယာဉ်နှင့် ဆိုင်ကယ် တို့ သိမ်းဆည်းနိုင်ခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦးကို ဝင်ရောက် ဖမ်းဆီးစဉ် ၂ ဦးလုံး လွတ်မြောက်သွားပြီး သံခွန်ရေယာဉ်နှင့် ဆိုင်ကယ် တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၌ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကျွန်းဆင်ရွာသား ညီလွင်ကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးခဲ့သော သေနတ်ကျည် ထိမှန်ကာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ သို့သော် ညီလွင် ပိုင်ဆိုင်သည့် သံခွန်ရေယာဉ် နှင့် ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ညီလွင် ဆိုသူသည် ဧရာဝတီမြစ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရာတွင် လည်းကောင်း၊ ဧရာဝတီမြစ်ရိုးတလျှောက်ရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး၍ ပြည်သူပိုင်ပစ္စည်းများ ခိုးယူသယ်ဆောင်ရာ၌လည်းကောင်း၊ သံခွန်ရေယာဉ်ဖြင့် အကြမ်းဖက် စစ်တပ် ကို လိုက်ပါပို့ဆောင်ပေးနေသူ ဖြစ်ပြီး မင်းကွန်းအထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာများမှ ပြည်သူလူထုအား ဒုက္ခပေးနေသူလည်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အလားတူ ယင်းနေ့ ညပိုင်းတွင် ပုသိမ်ကြီးမြို့နယ် ပကဖ အဖွဲ့က အကြမ်းဖက် စစ်တပ် လက်နက်ပေးအပ်ထားသော ကျွန်းဆင်ရွာ အုပ်ချုပ်ရေးမှုး သိန်းစိုးကိုလည်း ထပ်မံ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်၌ မရှိသောကြောင့် ၎င်း သားဖြစ်သူကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“သိန်းစိုးရဲ့ သားကိုတော့ မဖမ်းဆီးခဲ့ပါဘူး။ အသက်မသေ လောက်အောင်ပဲ နည်းနည်းပါးပါး ဆုံးမ ထားခဲ့ပါတယ်။ ညီလွင်ကတော့ ကျည်ပဲထိတာ အသက် မသေဘူး ကြားပါတယ်။ အကြမ်းဖက် စစ်ကောင်စီ အလိုကျ လုပ်ဆောင်နေတဲ့ သတင်းပေး ၊ ပျူစောထီးနဲ့ ဒလန် တွေ ကို အလျဉ်းသင့်သလို ဆက်လက် တိုက်ခိုက်သွားမယ်” ဟု ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article