27 C
Yangon

မြိုင်နှင့်နွားထိုးကြီးတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ် က တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်အချိန်ခန့်က မြိုင်မြို့နယ်မြောက်ပိုင်း၊ လက်ယက်မကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ်၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေ အသေးစိတ်ကို သိရှိရခြင်း မရှိသေးကြောင်း သိရသည်။

“အထက စာသင်ကျောင်းနဲ့ ပတ်ချာလည်ကို တိုက်လေယာဉ်နဲ့ ပစ်သွားတာဗျ၊ ကလေး၁ ဦး သေတယ်၊ နောက်ထပ်၁ ဦးလည်းသေတယ်။ သေတာ စုစုပေါင်း ၄ ယောက်ရှိသွားပြီ။ အသေး စိတ်အခြေအနေတော့ မသိရသေးဘူး။ ဘာတိုက်ပွဲမှ မရှိဘူး။ အကြောင်းမဲ့ ဗုံးလာ ကျဲတာ။” ဟု ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ပြီး နေအိမ် ၃ လုံးထက် မနည်းပျက်စီး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး တဆက်တည်းတွင် ဖလံကုန်းကျေးရွာကိုပါ ထပ် မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး နောက်ကျောထိခိုက်ဒဏ်ရာရ ရှိ ခဲ့ကြောင်း သိရသည်။

“ဆူးရစ်ကုန်းရွာကို ဂျက်ဖိုက်တာနဲ့ ၃ ခေါက်ပတ်ပျံပြီး ပထမ ၃ လုံးကျဲတယ်။ ဒုတိယအကြိမ် ၂ လုံး ထပ်ကျဲတယ်။ နေအိမ် ၃ လုံးပျက်စီးတယ်။ ဒုတိယအကြိမ်မှာက ဖလံကုန်းရွာကိုပါ တဆက်တည်း ၁ လုံးကျဲချသွားတာ။ အဲဒီမှာက အမျိုးသားတစ်ဦးထိတာ။ PDF အဖွဲ့တွေလည်းမရှိဘူး၊ တိုက်ပွဲလည်း မရှိဘူး။ တမင်ကိုဗုံး လာကျဲနေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

Photo – နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှ့င် ဖလံကုန်းကျေးရွာ ဗုံးကျဲခံရပြီး ထိခိုက်ပျက်စီး မှုများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article