27 C
Yangon

ကန်ပက်လက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သားများက ကျင်းလိန်ရွာသား ဦးဇော်၀င်းထိုက်ကို ပစ်သတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သားများက ကျင်းလိန်ရွာသား ဦးဇော်၀င်းထိုက်ကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ကန်ပက်လက်မြို့အဝင် စစ်တပ်ဂိတ်၌ ဆောမြို့နယ်၊ ကျင်းလိန်ရွာသား အသက် ၃၁ နှစ်အရွယ် ဆိုင်ကယ်ကယ်ရီသမား ဦးဇော်၀င်းထိုက်ကို အကြမ်းဖက် စစ်သားများက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်သားများ ပစ်သတ်၍ သေဆုံးသွားသော ဦးဇော်၀င်းထိုက်သည် ဆောမြို့နယ်မှ ချောင်းဆုံဘက်ကို ပစ္စည်းပို့ သွားပြီးနောက် အပြန်လမ်းတွင် လမ်းမှားပြီး မြို့၀င်ဂိတ်ဘက်ကို ရောက်လာသောကြောင့် နောက်ပြန်လှည့်နေစဉ် အကြမ်းဖက် စစ်သားများက မေးမြန်းခြင်းမရှိဘဲ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဇော်ဝင်းထိုက်၏ ရုပ်အလောင်းကို ယနေ့ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဆောမြို့နယ်၊ ကျင်းလိန်ရွာကို ပြန်လည် သယ်ဆောင်လာကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် စစ်ရေးအခြေအနေများကြောင့် ကန်ပက်လက်မြို့နယ်ကို ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိသည့်အတွက် ဒေသပြည်သူများသည် ကန်ပက်လက်မှ မကွေးတိုင်း၊ ဆောနယ်ထဲကို ဆိုင်ကယ်ဖြင့် ပစ္စည်းများ သွားရောက် ဝယ်ယူ သယ်ဆောင်နေရပြီး ဆောမြို့နယ်ဘက်မှနေ၍ ဆိုင်ကယ်ဖြင့် လာရောင်းကြသူများလည်းရှိကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article