ဒီကနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း နဲ့ ကရင်နီပြည်နယ်မှာ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေ တွေကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင် ရေးအတွက် “ရန်နိုင်မင်း” စစ်ဆင်ရေးဆိုပြီး အမည်ပေးထားပြီးတော့ လေကြောင်း ထိုးစစ် နဲ့ ခြေလျင်ထိုး စစ်တွေ ပူးတွဲ ဆောင်ရွက်နေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီ တပ် က လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက် ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံးသွားပြီး ၁၀ ဦးထက်မနည်းဒဏ်ရာတွေ ရထားတယ်လို့ We Love Myaing အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဖြူး-အုတ်ဖြတ် လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကား ၁ စီး နဲ့ စစ်သား ၂ ဦးကို တော်လှန်ရေးတပ်တွေက အရှင် ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar