28 C
Yangon

ပို့ကုန်ရငွေဖြင့်သာ ဆေးနှင့်ဆေးပစ္စည်း သွင်းကုန်များ တင်သွင်းခွင့်ပြုမည့် စစ်ကောင်စီ၏ ညွှန်ကြားစာ Khit Thit Media ထံသို့ ပေါက်ကြားမှု ဖြေရှင်းပေးရန် ဆေးအသင်းထံသို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖြေရှင်းချက်တောင်းစာ ထပ်မံပေါက်ကြားလာ

Must read

ပို့ကုန်ရငွေဖြင့်သာ ဆေးနှင့်ဆေးပစ္စည်း သွင်းကုန်များ တင်သွင်းခွင့်ပြုမည့် စစ်ကောင်စီ၏ ညွှန်ကြားစာ Khit Thit Media ထံသို့ ပေါက်ကြားမှု ဖြေရှင်းပေးရန် ဆေးအသင်းထံသို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖြေရှင်းချက်တောင်းစာ ထပ်မံပေါက်ကြားလာ

ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံအတွင်းသို့ ပို့ကုန်ရငွေဖြင့်သာ ဆေးဝါးနှင့်ဆေးပစ္စည်းသွင်းကုန်များ တင်သွင်းခွင့်ပြုမည့် စစ်ကောင်စီ၏ ညွှန်ကြားစာ Khit Thit Media ထံသို့ ပေါက် ကြားမှု ဖြေရှင်းပေးရန် ဆေးအသင်းထံသို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက ဖြေရှင်းချက်တောင်းလိုက်ပြီး အဆိုပါ ဖြေ ရှင်းချက်တောင်းစာမှာလည်း Khit Thit သတင်းဌာနထံသို့ ထပ်မံပေါက်ကြားလာသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၈ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းထံသို့ ပို့ကုန်ရငွေဖြင့်သာ ဆေးဝါးများ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ပြီး ယင်းစာကို ဩဂုတ်လ ၃၁ ရက်နေ့တွင် Khit Thit Media က သတင်းဖော်ပြခဲ့သည်။

အဆိုပါ ညွှန်ကြားစာတွင် အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစ တင် ၍ ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်း အဝေး အမှတ်စဉ် ၆၆/၂၀၂၄ တွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဩဂုတ်လအထိ လျှောက်ထားသော သွင်းကုန်လိုင်စင်လျှောက် လွှာများကိုလည်း ပယ်ဖျက်လိုက်ကြောင်း၊ ဆေးဝါးကုမ္ပဏီ ၁၁၆ ခုက လျှောက် ထားသော ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန် ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စိစစ် ပယ်ဖျက်လိုက်ပြီး စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေ တင်ပြမှသာ လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင် ဘာလ ၂ ရက်နေ့တွင် Khit Thit Media သို့ ပေါက်ကြားခဲ့သော ညွှန်ကြားစာအတွက် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ဖြေ ရှင်းချက်ပေးရန် ထပ်မံ စာပေးပို့ခဲ့ပြီး ယင်းပေးပို့စာမှာလည်း Khit Thit Media ထံ ထပ်မံပေါက်ကြားခဲ့သည်။

စစ်ကောင်စီ၏ ဖြေရှင်းချက်တောင်းစာတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းထံသို့​ပေးပို့သော စာမည်သည့်အတွက်ကြောင့် ပြင်ပ မီဒီယာသို့ ရောက်ရှိခဲ့သနည်းဟု ဖြေရှင်းချက်တောင်း မေးမြန်းထားပြီး အဆိုပါစာကို လုံခြုံစွာ ထိန်းသိမ်းမှု မရှိခဲ့ခြင်းအပေါ် ရှင်းလင်းတင်ပြရန် ထပ်မံ အသိပေးအကြောင်းကြား လာကြောင်း သိရှိရသည်။

ဓာတ်ပုံ- Khit Thit Media ထံပေါက်ကြားမှုအတွက် ဖြေရှင်းချက် တောင်းသည့်စာနှင့် မူလ ပေါက်ကြားခဲ့သော ညွှန်ကြားစာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article