29 C
Yangon

MNDAA ထိန်းချုပ်နယ်မြေအတွင်းရှိ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်းဘိုင်းကျေးရွာ ကျောက်မီးတူးဖော်ရေးစက်ရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံများ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ လားရှိုးမြို့နယ်နှင့် ဆက်စပ်နေသော နန်းဘိုင်းကျေးရွာ ကျောက်မီးတူးဖော်ရေးစက်ရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၀ရက်နေ့ နံနက် ၁၂ နာရီ ၅၈ မိနစ်အချိန်မှ နံနက် ၂နာရီအတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က လားရှိုးမြို့နှင့် ဆက်စပ်မြို့နယ် သိန္နီခရိုင် သံလွင်လျင်ဟိုင်မြို့နယ် နန်ဘိုင်းရွာရှိ ကျောက်မီးသွေးတွင်းတစ်ခုကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လူထိခိုက်သေဆုံးမှုနှင့် အသေအပျောက် ထိခိုက်မှုမရှိကြောင်း ၊စစ်တပ်က တိုက် လေ ယာဉ်များဖြင့် စုစုပေါင်း ဗုံးကြီး ၄ လုံးနှင့် ဗုံးအသေး အများအပြား ကျဲချခဲ့ရာ သတ္တုအတွင်းရှိ အဆောင်များနှင့် အခြား အဆောက်အဦ အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

MNDAA တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ချက်ချင်းသွားရောက်ကာ အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကို ကူညီရေးလုပ်ဆောင်ပေးခဲ့ကြောင်း၊ လေ ကြောင်းမှ ကျဲချသွားသည့် ဗုံးများအနက်မှ မပေါက်ကွဲသေးသော ဗုံးတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လူမဆန်သော လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများသည် ပြည်သူများ၏ စားဝတ်နေရေး ပြန်လည် တည်ဆောက်ရေး ကို အဟန့်အတား ဖြစ်စေခဲ့ကြောင်း၊ လေကြောင်း တိုက်ခိုက်မှုများက ၏ပြည်သူလူထုကို ထိတ် လန့် တုန်လှုပ်စေကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article