33 C
Yangon

တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂက မြန်မာသို့ လူသားစာနာ ထောက်ပံ့ငွေ ပေးလှူ

Must read

ရန်ကုန်၊စက်တင်ဘာ ၁၁

တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ (Korean Health and Medical workers’ Union)က NUG သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဝမ်ခုနှစ်ဆယ့်လေးသိန်း (KRW 7,400,000)ကိုအမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကို ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းငွေသည် သမဂ္ဂဝင်များထံမှ စုဆောင်းထားသော လူမှုရေးရန်ပုံငွေအနက်မှ မြန်မာနိုင်ငံ NUG အစိုးရသို့ ထောက်ခံ ထောက်ပံ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ ကျန်းမာရေးသမဂ္ဂ၏ အလှူငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ပေးပို့လိုက်ပြီး ဖြစ်ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံးနှင့် NUG-MoHADM ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူသားချင်းစာနာမှု ထောက်ပံ့ရေး စင်္ကြံ (Humanitarian Assistances Corridor for Myanmar) ကို အကောင်အထည်ဖော်လျက်ရှိရာ ကိုရီးယားအခြေစိုက် မြန်မာ ကိုရီးယား အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များထံမှ ထောက်ပံ့မှုများကို မြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article